သြဂုတ် ရ ။ ။ စင်ကာပူလွှတ်တော်ဥက္ကဌအဖြစ် တာဝန်ယူနေခဲ့တဲ့ မွတ်ဆလင်အမျိုးသမီး ဟာလီမာ ယာကော့ဘ်က လာမယ့်သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယနေ့ သြဂုတ်လ ရ ရက်မှာပဲ လွှတ်တော်ဥက္ကဌအဖြစ်ကနေ နှုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် သူမအနေနဲ့တော့ သမ္မတရွေးကောက်ပွဲမှာ ၀င်ပြိုင်ပြီး အနိုင်ရခဲ့မယ်ဆိုရင်တော့ နိုင်ငံသမိုင်းကြောင်းတစ်လျှောက် ပထမဆုံးသော အမျိုးသမီး သမ္မတလည်း ဖြစ်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။
" ရွေးကောက်ခံ သမ္မတ ရာထူးကပဲ စင်ကာပူနိုင်ငံအတွက်ရော၊ နိုင်ငံသားတွေအတွက်ပါ အကောင်းဆုံး ပေးဆပ်စွမ်းဆောင်ပေးနိုင်မယ်ဆိုတာ ကျွန်မ သဘောပေါက်လက်ခံထားပါတယ်၊ ဒါကြောင့်လည်း ကျွန်မအနေနဲ့ လာမယ့် သမ္မတရွေးကောက်ပွဲမှာ ၀င်ပြိုင်သွားတော့မယ်လို့ အားလုံးကို အသိပေးချင်ပါတယ်" ဆိုပြီး အမျိုးသားအဆင့် ညစာစားပွဲတစ်ခုမှာ ယာကော့ဘ်က ပြောကြားသွားခဲ့ပါတယ်။
ယခုအခါမှာတော့ သမ္မတရွေးကောက်ပွဲဝင်ဖို့အတွက် ယာကော့ဘ်ဟာ လက်ရှိ လွှတ်တော်ဥက္ကဌတာဝန်ကရော၊ အမတ်အဖြစ်ကနေပါ နှုတ်ထွက်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
စင်ကာပူသမ္မတရွေးကောက်ပွဲကိုတော့ လာမယ့်စက်တင်ဘာလမှာ ကျင်းပသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။