ပခုက္ကူ၊ဇူလိုင်၂၆ ။ ။ ပခုက္ကူမြို့တွင် ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ အမျိုးသား ၄ဦးနှင့် အမျိုးသမီး ၂၃ဦးတို့အား ပြည့်တန်ဆာမှုဖြင့် ဖမ်းဆီးထားကြောင်း ပခုက္ကူမြို့မရဲစခန်းမှ သိရသည်။
ပြည့်တန်ဆာမှုဖြင့် ဖမ်းဆီးထားသူများမှာ ပခုက္ကူမြို့ အမှတ် ၆ ရပ်ကွက် မြိုင်သာယာရပ်မှ ဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်း က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ပခုက္ကူမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကြောင်းပြုလုပ်သူများအား ပခုက္ကူမြို့မရဲစခန်းမှ ပြည့်တန်ဆာ ပုဒ်မအရ အရေးယူရန်စစ်ဆေးလျက်ရှိကြောင်း သိရသည်။