ရီးယဲလ်မက်ဒရစ်ရဲ့ လူငယ်အကယ်ဒမီဟာ ၂၀၁၃-၁၄ မှာ နာပိုလီသို့ ယူရို (၁၀)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကယ်လီဂျွန်နောက်ပိုင်း (၅)နှစ်တာကာလအတွင်း ယူရို (၁၄၂)သန်းကျော် အကျိုးအမြတ်ဖြစ်ထွန်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပမာဏဟာ တဖြည်းဖြည်း တိုးလာပြီး ပြီးခဲတဲ့ နှစ်ရာသီမှာ ရီးယဲလ်အသင်းဟာ ကစားသမား ၈ ဦး ရောင်းချရာမှ ယူရိုသန်း ၁၃၁.၅ အထိ ရရှိခဲ့ပါတယ်။ ဒါဟာ ပြိုင်ဘက် နှစ်သင်းရဲ့ လူငယ်ကစားသမားများ ရောင်းချရာက ရတဲ့ ပမာဏထက် ပိုမိုများပြားကြောင်း တွေ့ရပါတယ်။
ဘာစီလိုနာအသင်းဟာ မာ့ခ် ဘတ်တာ၊ တဲလ်လိုနှင့် ဟာလီလိုဗစ်တို့ကို ရောင်းချရာမှ ယူရို (၁၇)သန်း ဝင်ငွေရရှိပြီး အက်သလက်တီကိုက ဟာနန်ဒက်ဇ်၊ အိုလီဗာတောရက်စ်၊ ဘိုဂျာ ဘတ်စ်တန်နှင့် ဂျာဗီယား မန်ကွီးလို စုစုပေါင်း ၄ ဦး ရောင်းချမှုအတွက် ယူရို (၇၃)သန်း ရရှိခဲ့ပါတယ်။
ကလပ်အသင်းကြီးမှ ယခုရာသီ ချယ်လ်ဆီးအသင်းသို့ ယူရိုသန်း (၈၀)နဲ့ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး မိုရာတာအပါအဝင် ကစားသမား ၁၁ ဦးအထိ ထွက်ခွာသွားခဲ့ပြီးဖြစ်ပါတယ်။
လက်ရှိ ရီးယဲလ်အသင်း လူစာရင်းမှာ ကီကို ကာဆီလာ၊ ရူဗင် ယီနက်ဇ်၊ ကာဗာဟေးလ်၊ နာချို၊ ကာစီမီယို၊ မာကိုလော်ရန်တေား၊ လူးကပ်စ်ဗက်စ်ကွက်နှင့် ဘော်ဂျာ မာယိုရယ်လ် စုစုပေါင်း လူငယ်ကစားသမား (၈) ဦးထိ ပါဝင်နေပါတယ်။ အဆိုပါလူငယ်ကစားသမားတွေ ပါဝင်မှုကြောင့် အသင်းရဲ့ လူစာရင်းဟာ ပျမ်းမျှအသက် (၂၄.၇) နှစ်ဖြစ်စေပါတယ်။
Ref; AS