ဘယ်လာရုစ်မှာ ကျင်းပတဲ့ ဇနီးမယားထမ်းပြေးပွဲ

ဘယ်လာရုစ်မှာ ကျင်းပတဲ့ ဇနီးမယားထမ်းပြေးပွဲ

ဇူလိုင် ၂၄ ။                ။ လင်ယောကျ်ားဖြစ်သူတွေက ကိုယ့်ရဲ့ ဇနီးသည်တွေကို ထမ်းပြီး ပြေးရတဲ့ ထူးခြားတဲ့ ပြိုင်ပွဲတစ်ခု ဇူလိုင်လ ၂၂ ရက်က ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။

ယင်းပြိုင်ပွဲမှာတော့ လင်မယားစုံတွဲပေါင်း ၁၅ တွဲ ပါ၀င်ဆင်နွှဲခဲ့ကြပါတယ်။ ပြိုင်ပွဲမှာတော့ ယောကျ်ားလုပ်တဲ့သူတွေက ကိုယ့်ရဲ့ မိန်းမဖြစ်သူ ကို ထမ်းပြီး မီတာ ၅၀၀ အကွာအဝေး ခရီးလမ်းကြမ်းကို ဖြတ်ပြေးကြရတာဖြစ်ပါတယ်။

လမ်းခရီးတစ်လျှောက်မှာတော့ ရွှံ့နွံတွေ ဖြတ်ရတာ၊ အခြားသော အတားအဆီးအမျိုးမျိုးကို ကျော်လွှားရတာတွေ ရှိပြီး အရင်ဆုံးပန်းတိုင်ရောက်တဲ့ စုံတွဲက အနိုင်ရရှိမှာဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲကတော့ ကမ္ဘာပေါ်မှာ ကျင်းပမြဲဖြစ်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly