အမေရိကန်တွင် သြစတြေးလျအမျိုးသမီးတစ်ဦးအား ရဲက မှားယွင်းပစ်ခတ်၍ ဆန္ဒပြမှု ပေါ်ပေါက်

အမေရိကန်တွင် သြစတြေးလျအမျိုးသမီးတစ်ဦးအား ရဲက မှားယွင်းပစ်ခတ်၍ ဆန္ဒပြမှု ပေါ်ပေါက်

နယူးယောက်၊ ဇူလိုင် ၂၂ ။                 ။ အမေရိကန်နိုင်ငံတွင် လက်နက်မဲ့ သြစတြေးလျအမျိုးသမီးတစ်ဦးအား ရဲက မှားယွင်းပစ်ခတ်၍ သေဆုံးရာ ဆန္ဒပြမှုများ ဖြစ်ပွားသည်။

မင်နီဆိုးတာ ပြည်နယ် မင်နီယာပိုလိစ်မြို့တွင် ပြီးခဲ့သည့် သီတင်းပတ်က ဂျက်စတင်းဒမ်မွန်ဆိုသူ သြစတြေးလျ အမျိုးသမီးက ၄င်း၏ နေအိမ်အပြင်ဖက်တွင် အမျိုးသမီးတစ်ဦး အော်ဟစ်သံ ကြားရကြောင်း ရဲထံ အကြောင်းကြားရာမှ မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်သည်။

ယင်းသို့ မင်နီယာပိုလိစ်ရဲတပ်ဖွဲ့ မှားယွင်းပစ်ခတ်ခြင်းကြောင့် မြို့နယ်ရဲမှူးချုပ်ဖြစ်သူ အမျိုးသမီး ဂျင်နီဟာဒယူးက ရာထူးက နုတ်ထွက်လိုက်ရသည်။

မြို့တော်ဝန် အမျိုးသမီးဖြစ်သည့် ဘတ်စေးဟုဂတ်စ်က ဟာဒယူးအပေါ် ယုံကြည်၍ မရတော့ကြောင်း ပြောဆိုလျက် ရာထူးနုတ်ထွက်မှုကို လက်ခံသည်။

ဒမ်မွန်သေဆုံးခြင်းကြောင့် ဇာတိဖြစ်သော သြစတြေးလျတွင် စိတ်ဆိုးဒေါသထွက်မှုများ ဖြစ်ပေါ်ပြီး ဝန်ကြီးချုပ် တမ်ဘောက နားလည်ရခက်ပြီး တုန်လှုပ်စရာ သေဆုံးရမှုဖြစ်ကြောင်း ပြောလိုက်သည်။

ဆစ်ဒနီ ဇာတိဖြစ်သည့် ဒမ်မွန်သည် အိမ်အနား မုဒိမ်းမှုဖြစ်သည် သံသယဖြင့် ရဲတိုင်ရာမှ ရဲကားနား ချည်းကပ်သွားစဉ် ပစ်သတ်ခံရခြင်းဖြစ်သည်။
 
ယင်းဖြစ်ရပ်က လက်ခံစရာ တစ်စက်မှ မရှိဘဲ ကားတွင်းက ရဲနှစ်ဦးသည် ခြံုခိုတိုက်ခိုက်ခံရမည် အကြောက်လွန်ပြီး ပစ်ခတ်ခြင်းသာ ဖြစ်မည်ဟု ဒမ်မွန်မိသားစု ရှေ့နေတစ်ဦးက ပြောသည်။

ရဲ၏ ဒမ်မွန်အား ယခုကဲ့သို့ မှားယွင်း ပစ်သတ်ခြင်းအတွက် မြို့၏ ဝတ်ရှ်ဘန်းရိပ်သာ လမ်းမကြီးတစ်လျှောက်တွင်လည်း ပြည်သူများစွာ ချီတန်းလမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly