စကော့တလန်ကစားသမား အန်ဒီ ရောဘတ်ဆန်ဟာ သောကြာနေ့က လီဗာပူးလ်အသင်းနဲ့ သက်တမ်းရှည် စာချုပ်,ချုပ်ဆိုခဲ့ကြောင်း ပရီးမီးယားလိဂ်ကလပ်အသင်းက ၎င်းရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ရောဘတ်ဆန်ကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၈ သန်းနဲ့ ၃ နှစ် စာချုပ်ခဲ့ပြီး ကာလရှည်စာချုပ်အတွက် ပေါင် ၁၀ သန်းခန့်မြှင့်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။
နောက်ခံလူ ရောဘတ်ဆန်ဟာ ၂၀၁၂ ခုနှစ်မှာ ဟူးလ်စီးတီးအသင်းနဲ့ စီနီယာကစားသမားဘဝကို စတင်ခဲ့ပါတယ်။
ရောဘတ်ဆန်ဟာ လီဗာပူးလ်အသင်းရဲ့ နွေရာသီအပြောင်းအရွှေ့မှာ ၃ ဦးမြောက် ခေါ်ယူတဲ့ ကစားသမားဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ရိုမားတောင်ပံကစားသမား မိုဟာမက် ဆာလပ်နှင့် ချယ်လ်ဆီး တိုက်စစ်မှူး ဆိုလန်ကီတို့ကို ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။
ရောဘတ်ဆန်ဟာ လာမယ့်ရာသီမှာ လီဗာပူးလ်ရဲ့ ဂျာစီ ကျောနံပါတ် ၂၆ ကို ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။
Ref; EFE_EPA