မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့ဟာ ရီးယဲလ်မက်ဒရစ်ရဲ့ ဘရာဇီး ညာနောက်ခံလူ ဒန်နီလိုကို ပေါင် (၂၆)သန်းနဲ့ ခေါ်ယူဖို့ ပြိုင်ဆိုင်နေကြတယ်လို့ သိရပါတယ်။
စီးတီးနည်းပြ ဂွာဒီယိုလာက ဒန်နီလိုဟာ ဗဟိုခံစစ်နှင့် ကွင်းလယ်နေရာ နှစ်ခုလုံးမှာ ကစားနိုင်သူအဖြစ် မြင်တွေ့နေပြီး ချယ်လ်ဆီးနည်းပြ ကွန်တေကတော့ ၎င်းအသင်းရဲ့ အားနည်းနေတဲ့ နေရာကို ဖြည့်တင်းဖို့ ကစားသမားကို အလိုရှိနေပါတယ်။
ဒါပေမယ့် ကွန်တေဟာ ဆာဂျီယိုအဂွဲရိုးကို ခေါ်ယူမှာ မဟုတ်ဘူးလို့ ဂွာဒီယိုလာအရ သိရပါတယ်။
"သူဟာ ကျနော်တို့ရဲ့ ကစားသမားဖြစ်တယ်။ သူဟာ အသင်းမှာ ဆက်ရှိနေပါလိမ့်မယ်"လို့ စီးတီးနည်းပြက ပြောပါတယ်။
ကွန်တေဟာ အသင်းကနေ ထွက်ခွာဖို့များနေတဲ့ တိုက်စစ်မှူး ကော်စတာရဲ့ နေရာကို အစားထိုးဖို့ အဂူရိုကို ခေါ်ယူဖို့ အလိုရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အသက် ၂၆ နှစ် ဒန်နီလိုဟာ ၂၀၁၅ ခုနှစ်က ပေါ်တိုအသင်းကနေ ရီးယဲလ်ဆီ ပူးပေါင်းခဲ့ပါတယ်။ ဒါပေမယ့် စပိန်ကလပ်အသင်းရဲ့ ဒုတိယဦးစားပေး ညာနောက်ခံလူတစ်ယောက်ဖြစ်ခဲ့ပါတယ်။
Ref; BBC