ဝက်စ်ဘရွန်းအသင်းဟာ အယ်လ်အလီအသင်းမှ အီဂျစ်ကစားသမား အာမက် ဟဲဂါဇီကို တစ်နှစ်အငှားစာချုပ်နဲ့ ခေါ်ယူစာချုပ်ခဲ့ကြောင်း ပရီးမီးယားလိဂ်ကလပ်က တနင်္လာနေ့က ကြေညာခဲ့ပါတယ်။
ရာသီကြို အာရှခရီစဉ်မှာ အသင်းလူစာရင်းမှာ ပါဝင်ခဲ့တဲ့ ဟဲဂါဇီကို ကာလရှည် စာချုပ်ချုပ်ဆိုနိုင်တဲ့ အချက်ကိုလည်း သဘောတူစာချုပ်မှာ ထည့်သွင်းခဲ့တယ်လို့ အက်ဖ်အေဖလား (၄)ကြိမ်ရ ချန်ပီယံ ဝက်စ်ဘရွန်းက ဆိုပါတယ်။
အသက် ၂၆ နှစ်ရှိ ဟဲဂါဇီဟာ ၂၀၁၂ ခုနှစ်က အီတလီကလပ် ဖီအိုတီးနီးယားအသင်းမှာ ကစားခဲ့ပြီးနောက် ကစားသမားအတွက် ဥရောပကလပ်တွေဆီ နှစ်ကြိမ်မြောက် ရောက်ရှိလာတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် အီဂျစ်ပရီးမီးယားလိဂ် ချန်ပီယံ အယ်လအလီအသင်းကို ပြန်လည်မရောက်ခင်က ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပါသေးတယ်။
(EFE_EPA)