ဇူလိုင် ၇ ။ ။ လက်စတာအသင်းသည် မန်စီးတီးတိုက်စစ်မှူး အီဟီယာနာချိုကို ပြောင်းရွှေ့ကြေးပေါင် ၂၅ သန်းဖြင့်ခေါ်ယူရန်နီးစပ်နေပြီဟု ဘီဘီစီသတင်းစာက ဖော်ပြသွားခဲ့သည်။
အသက် ၂၀ အရွယ်သာရှိသေးသည့် နိုက်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူး အီဟီယာနာချိုသည် လက်စတာအသ်င်းနှင့် ဆွေးနွေးလျက်ရှိပြီး အသ်င်းပြောင်းရန်အလွန်စိတ်အားထက်သန်နေသည်ဟု အဆိုပါ သတင်းက ဆိုသည်။
အီဟီယာနာချိုသည် ၂၀၁၅ ခုနှစ်က မန်စီးတီးတွင်စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ၆၄ ပွဲတွင် ၂၁ ဂိုးသွင်းယူထားသည်။
ဂါွဒီယိုလာလက်ထက်တွင် အသင်းသို့ ဘရာဇီးလူငယ်တိုက်စစ်မှူးဂျီးဆပ်ရောက်လာပြီးနောက် အီဟီယာနာချိုမှာအကန့်အသတ်ဖြင့်သာ ပွဲထွက်ခွင့်ရနေသောကြောင့် အသင်းပြောင်းလိုလျက်ရှိသည်။
ရည်ညွှန်း ဘီဘီစီ