ကျွန်တော်တို့အဖွဲ့သားတွေရောက်ရှိနေတဲ့နေရာကတော့ ရေးမြို့နယ်အတွင်းမှာရှိတဲ့ ဦးအောင်ဖေရဲ့ သံပုရာခြံထဲကို ရောက်ရှိနေတာဖြစ်ပါတယ်။
ဦးအောင်ဖေရဲ့ သံပရာပင်တွေကတော့ ကိုင်းကူးကိုင်းဆက်နည်းစနစ်နဲ့ စိုက်ပျိုးထားတာပဲဖြစ်ပါတယ်။ ဒါကြောင့် အရင်ဆုံး သံပရာပင်ကိုင်းကူးနည်းကို လေ့လာကြည့်ရအောင်ပါ။ ကိုင်းကူးရန်အတွက် အသင့်တော်ဆုံးကိုင်းကတော့ ၁နှစ်သားရှိတဲ့ကိုင်းဖြစ်ရပါမယ်။
ပထမဦးစွာကိုင်းမှာရှိတဲ့ ဆူးတက်တွေကို ရှင်းလင်းပေးရပါမယ်။ ပြီးရင်တော့ ဓားကွေးလေးနဲ့ အပေါ်ယံအခေါက်တွေကို တပတ်လည်ရစ်လိုက်ပါ။ ပထမဓားရာနဲ့ ၁ လက်မခန့်အကွာမှာ ဓားကွေးလေးနဲ့ အပေါ်ယံအခေါက်တွေတပတ်လည်ကိုရစ်လိုက်ပါ။ ပြီးရင်တော့ အထက်အောက် ပတ်လည်ရစ်ထားတဲ့အခေါက်တွေကို ပလာယာနဲ့ ရစ်ပြီးခွာပေးရပါမယ်။ အပေါ်ယံအခေါက်တွေကို စင်ရောင်ရစ်ပေးရမှာဖြစ်ပါတယ်။
ပြီးရင်တော့ ပတ်လည် ၄ လက်မခန့်ရှိတဲ့ ဂုန်နီအိတ်ဖြတ်စထဲကို မစေးလွန်း မဖွယ်လွန်းတဲ့မြေဆွေးထဲကို အမြစ်သန်စေရန်အတွက် ဘားပလက်တလုံးကိုအမှုန့်ကြိတ်ပြီး သမအောင်ရောစပ်ပေးရပါမယ်။ ပြီးရင် စောစောကအခေါက်ကိုခွာထားတဲ့နေရာကို ကျပ်အောင်စည်းပေးရမှာဖြစ်ပါတယ်။
၁ နှစ်သားအထက်ကိုင်းတွေကို ကိုင်းကူးပြီးရင်တော့ စိုက်ပျိုးတဲ့အခါမှာ 45 ဒီဂရီစောင်းပြီး စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ စိုက်ပျိုးပြီးထွက်လာတဲ့ကိုင်းတွေကိုလဲအကုန်မယူပဲ သုံးကိုင်းခန့်သာယူရမှာဖြစ်ပါတယ်။
ကိုင်းကူးပြီး ၁၈ ရက်မှာ အမြစ်တွေထွက်လာမှာဖြစ်ပြီး ၂၅ ရက်ခန့်အကြာမှာတော့ မြေချစိုက်ပျိုးနိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျာ။