ဇူလိုင် ၅၊ မန်ချက်စတာ။ ။ ဝိန်းရွန်နီသည် ယခုတစ်ပတ်ကုန်တွင် အသင်းဟောင်း အဲဗာတန်ထံ ပြန်လည်ပြောင်းရွှေ့လိမ့််မည်ဟု သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေသည်။
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးသည် လက်ရှိအပြောင်းအရွှေ့ကာလတွင်အသင်းမှထွက်ခွာပြီး အဲဗာတန်ထံပြောင်းရွှေ့ကြေးအခမဲ့ဖြင့်ရောက်ရှိလိမ့်မည်ဟု The Sunသတင်းတွင် ဖော်ပြထားသည်။
မော်ရင်ဟိုလက်အောက်တွင် ပွဲထွက်ကစားချိန်နည်းပါးခဲ့သည့် အသက် ၃၁ နှစ်အရွယ်ရွန်နီအနေဖြင့် အဲဗာတန်တွင်တစ်ပတ် ပေါင် ၂၅၀,၀၀၀ ဝန်းကျင် ဆက်လက်ရရှိဖွယ်ရှိသည်။
ရော်နယ်ကိုးမန်း၏ အဲဗာတန်အသင်းအနေဖြင့် အာဆင်နယ်တိုက်စစ်မှူးဂျရူးဒ်ကို ပေါင်သန်း ၂၀ ဖြင့်ခေါ်နိုင်ကြောင်း အတည်ပြုလိမ့်မည်ဟုလည်း The Sun တွင်ဖော်ပြထားသည်။
Ref; Mirror