ဇွန် ၂၆ ။ ။ နိုင်ငံရှိ အထပ်မြင့်အဆောက်အဦး အလုံးရေ ၆၀ မှာ မီးဘေးအန္တရာယ်လုံခြုံမှု စမ်းသပ်ချက်များ အောင်မြင်ခဲ့ခြင်းမရှိကြောင်း ဗြိတိန်အစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။
ယခုလအစောပိုင်းက လူပေါင်း ၇၉ ဦးထိသေဆုံးခဲ့ရသည်ဟု ယုံကြည်ရသော လန်ဒန် Grenfell တာဝါ မီးလောင်မှုဖြစ်စဉ်နောက်ပိုင်း ယင်းနိုင်ငံရှိ အထပ်မြင့်အဆောက်အအုံများကို မီးဘေးစိတ်ချရခြင်းရှိမရှိ စစ်ဆေးမှုများ အားချင်းလုပ်ဆောင်ခဲ့သည်။
ယင်းသို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာတွင် Grenfell တာဝါ မီးလောင်မှု တွင် အဓိကဇစ်မြစ်တစ်ခုအဖြစ် ယူဆထားကြသည့် နံရံကပ်အလွှာတစ်မျိုးကို သုံးထားသည့် အဆောက်အအုံပေါင်း ၆၀ ကျော် ရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
ယင်းအတွက်ကြောင့် ယခင်က နိုင်ငံတွင် ဘေးကင်းလုံခြုံရခြင်းမရှိသည့် အဆောက်အအုံပေါင်း ၃၄ လုံးသာ ရှိသည်ဟု သတ်မှတ်ထားရာကနေ ယခုအခါ အစိုးရ၏ ကြေညာချက်နှင့်အတူ ဘေးကင်းစိတ်ချရခြင်းမရှိသည့် အဆောက်အဦးအလုံးရေ ၆၀ ထိ တိုးမြင့်လာခဲ့ပြီဖြစ်သည်။
လက်ရှိအချိန်ထိလည်း ထိုကဲ့သို့ မီးအန္တရာယ် စိတ်မချရသည့်အခြေအနေများ ရှိနေချိန်တွင် အဆိုပါအဆောက်အအုံများ၌ နေထိုင်သူအများစုမှာမူ ၎င်းတို့၏ နေအိမ်များတွင် ဆက်လက်နေထိုင်နေဆဲပင် ဖြစ်သည်။
သို့သော် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က လန်ဒန်မြောက်ပိုင်းတွင်မူ မီးအန္တရာယ်ရှိနေသည့် တိုက်ခန်းပေါင်း ၆၅၀ ခန့်နေ နေထိုင်သူ ထောင်ပေါင်းများစွာကိုတော့ ဘေးလွတ်ရာသို့ တာဝန်ရှိသူများက ရွှေ့ပြောင်းခိုင်းခဲ့သည်ဟုလည်း သိရသည်။