မန်ချက်စတာ၊ မေ ၂၅ ။ ။ အင်္ဂလန်က မန်ချက်စတာမြို့ ဂီတရှိုးပွဲတွင် အသေခံဗုံးခွဲတိုက်ခိုက်ခဲ့သူ ဆာလမန်အဘီဒီသည် လစ်ဗျားမှ ပြန်ရောက်သည်မှာ မကြာသေးသည့် အချိန်အတွင်း ယင်းတိုက်ခိုက်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိုင်အက်စ်တို့က ၎င်းတို့လက်ချက်ဖြစ်သည် ကြွေးကြော်သော အမေရိကန်ပေါ့ပ်အဆိုတော် အာရီယာနာဂရန့်၏ ရှိုးပွဲတွင် ယင်းအသေခံဗုံးခွဲ၌ လူ ၂၂ ဦး သေဆုံးကာ ၆၄ ဦးထက်မနည်း ဒဏ်ရာရသည်။
အဘီဒီအား ကူညီသည့် ချိတ်ဆက်ကွန်ရက်အား ရှာဖွေဖော်ထုတ်မှု၌ ဖမ်းဆီးထားသူ ဆယ်ဦးအထိ ရှိနေပြီဖြစ်ကာ ခြောက်ဦးမြောက်အဖြစ် အမျိုးသမီးတစ်ဦးကိုပါ ဖမ်းဆီးထားသည်။
အဆိုပါ အသေခံဗုံးခွဲမှုနောက်ပိုင်း ဗြိတိန်နိုင်ငံတွင် အကြမ်းဖက်ခြိမ်းခြောက်မှု အဆင့်သတ်မှတ်လိုက်ကာ တိုက်ခိုက်မှုများ ထပ်ဖြစ်နိုင်ခြေနီး၍ နိုင်ငံတစ်ဝန်းက အရေးကြီးနေရာများတွင် စစ်အင်အားဖြင့် လုံခြုံရေး ဖြန့်ကြက်ချထားသည်။
ချိတ်ဆက်ဆောင်ရွက်မှုများအားဖြင့် လစ်ဗျားအာဏာပိုင်များက အဘီဒီ၏ ညီဖြစ်သူကိုလည်း ထရီပိုလီတွင် ဖမ်းဆီးထားသည်။