မြန်မာနိုင်ငံသို့ မီးရထားစက်ခေါင်း ၁၈ တွဲ အိန္ဒိယ တင်ပို့မည်

မြန်မာနိုင်ငံသို့ မီးရထားစက်ခေါင်း ၁၈ တွဲ အိန္ဒိယ တင်ပို့မည်

အဆင့်မြင့် ဒီဇယ်စက်ခေါင်းတွဲ ၁၈ တွဲ ကို များမကြာမီ မြန်မာနိုင်ငံသို့ တင်ပို့ပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံပိုင် မီးရထားကုမ္ပဏီက ပြောကြားလိုက်သည်။

ရူပီး ကဋေ ၂၀၀ တန်ဖိုးရှိ အဆိုပါ မီးရထားစက်ခေါင်းတွဲများကို Varanasi မြို့ရှိ Diesel Locomotive Works (DLW) အလုပ်ရုံတွင် ထုတ်လုပ်ထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပထမအသုတ် စက်ခေါင်းတွဲ ခြောက်တွဲကို လာမည့် လအတွင်း တင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ကျန်တွဲများကို ယခုနှစ် ဒီဇင်ဘာလမတိုင်ခင် ပေးပိ့ုသွားမည်ဖြစ်သည်။

နောက်ဆုံးပေါ် နည်းပညာများ တင်ဆင်ထားသည့် အဆိုပါ ရထားစက်ခေါင်းတွဲများကို မကြာသေးမီက မြန်မာ့မီးရထားလုပ်ငန်းမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခု သွားရောက်ကြည့်ရှုထားခဲ့သည်ဟုလည်း သိရသည်။

အိန္ဒိယအနေနဲ့ ယင်း၏ မီးရထားစက်ခေါင်းတွဲမျာကို သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားတို့အပါအဝင် နိုင်ငံများစွာသို့ တင်ပို့နေလျက်ရှိကြောင်း သိရသည်။

DWL မှ ထုတ်လုပ်ထားသော စက်ခေါင်းတွဲများမှာ ဆွဲအားကောင်းမွန်မှု၊ ပြုပြင်ထိန်းသိမ်းရန် လွယ်ကူမှုတို့ကြောင့် မြန်မာနိုင်ငံမှ ကြိုက်နှစ်သက်လျက်ရှိကြောင်းလည်း အိန္ဒိယဘက်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly