ပြည်၊ ဧပြီ ၃၀ ။ ။ မြန်မာနိုင်ငံ ဒေသ အချို့မှ MSX ဆိုင်ကယ် အပျော်စီးအဖွဲ့ များသည် ပထမဆုံးအကြိမ် ဧပြီ ၃၀ ရက်တွင် ပဲခူးတိုင်း၊ ပြည်ခရိုင် ပြည်မြို့၌ တွေ့ဆုံခဲ့ကြသည်။
“ဒီပွဲက တစ်နိုင်ငံလုံးမှာ ပထမဆုံးစလုပ်တာပါ။ MSX Group တွေ တွေ့တာ ဒါပထမဆုံးပဲ”ဟု ပြည် MSX အဖွဲ့ခေါင်းဆောင် ကိုဟန်ထက်ဇော်က ပြောသည်။
ရန်ကုန်တိုင်း မြို့နယ် အချို့နှင့် ၊ ပုသိမ် ၊ ဟသာင်္တ ၊ မကွေးတိုင်း ၊၀မ်းတွင်း ဆိုင်ကယ်စီး အဖွဲ့များသည် ပြည်မြို့ ကမ်းနားလမ်း ဘူးခါးမြောင်း အနီးတွင် ပြည်မြို့မှ MSX ဆိုင်ကယ် အဖွဲ့များ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
အဆိုပါအဖွဲ့သည် ဗောတိတစ်ထောင် ၊ ရွှေဘုံသာ ၊ ပရဟိတအောင်တော်မူစေတီ တို့ကိုသွားရောက်ဖူးမြော်မည်ဖြစ်ပြီး် ပြည်မြို့ အောင်ဆန်း ရပ်ကွက် မိဘမဲ့ ကလေးများကျောင်းတွင် အဟာရဒါန ကုသိုလ်ကောင်းမှု များပြုလုပ်ကာ မှော်ဇာပြတိုက် နှင့် သရေခေတ္တရာရှေးဟောင်းဇုန်သို့ သွားရောက််လည်ပတ်ခြင်းများပြုလုပ်ကာ မေလ ၁ ရက်နေ့တွင်ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
ပြည်မြို့တွင် MSX ဆိုင်ကယ် အပျော်စီးအဖွဲ့ သာမက CB BIKER ၊ SABC ၊ MSC စသည့် အခြားဆိုင်ကယ်စီး အဖွဲ့များလည်း ရှိသည်။