စတာရစ်​ချ်​အတွက်​​ပြောင်​း​ရွှေ့​ကြေးကို လီဗာပူးလ်​အသင်​း ​ပေါင်​သန်​း ၄၀ သတ်​မှတ်​မည်​

စတာရစ်​ချ်​အတွက်​​ပြောင်​း​ရွှေ့​ကြေးကို လီဗာပူးလ်​အသင်​း ​ပေါင်​သန်​း ၄၀ သတ်​မှတ်​မည်​

ဧပြီ ၃၀၊ လီဗာပူးလ်​။            ။ အင်္ဂလန်​တိုက်​စစ်​မှူးစတာရစ်​ချ်​အ​နေဖြင်​့ ​နွေရာသီတွင်​ အန်​ဖီးလ်​မှထွက်​ခွာရန်​ဆုံးဖြတ်​ဖြစ်​ပါက လီဗာပူးလ်​အသင်​းက ​ပြောင်​း​ရွှေ့​ကြေး​ပေါင်​သန်း ​၄၀ သတ်​မှတ်​မည်​ဖြစ်​သည်​။

စတာရစ်​ချ်​ကို ပီအက်​စ်​ဂျီအသင်​းက ဆွဲ​ဆောင်​​နေသည်​့အပြင်​ ဝက်​စ်​ဟမ်​းအသင်​းနည်​းပြ ဘီလစ်​ကလည်​း စိတ်​ဝင်​စားသည်​ဟု ​ပြောဆိုထားသည်​။

သို့​သော်​ ၎င်းသည်​နည်​းပြက​လော့ပ်​လက်​ထက်​တွင်​ ပုံမှန်​ပွဲထွက်​ခွင်​့အတွက်​ရုန်​းကန်​​နေရပြီး ရာသီအစပိုင်​းက တင်​ပါးဒဏ်​ရာ​နှင်​့ ဗိုင်​းရပ်​စ်​​ကြောင်​့ အနားယူခဲ့ရသည်​။

အသင်​းအတွက်​ ၁၁၅ ပွဲကစား ၅၉ သွင်​းထားပြီး ကမ္ဘာ့ဖလား​ခြေစစ်​ပွဲတွင်​ အင်္ဂလန်​အတွက်​ ရှစ်​ဂိုးသ​ွင်​းထားသည်​့ စတာရစ်​ချ်​အတွက်​ အပြိုင်​အဆိုင်​များစွာရှိ​လာလိမ်​့မည်​ဟု လီဗာပူးလ်​အသင်​းက ယူဆထားသည်​။

မာ​ဆေးဆိုက်​ဒ်​ကလပ်​အ​နေဖြင်​့ တိုက်​စစ်​မှူးများ​ရောင်​းချရာမှ​ပြောင်​း​ရွှေ့​ကြေးများစွာရသည်​့ အစဉ်​အလာများရှိခဲ့ဖူးသည်​။

​တောရက်​စ်​ကို ချယ်​လ်​ဆီးသို့​ပေါင်​းငန်​း ၅၀၊ ဆွာရက်​ဇ်​ကို ဘာစီလိုနာသို့ ​ပေါင်​ ရ၅ သန်​း၊ ဘန်​တီကီကို ပဲ​လေ့စ်​သို့​ပေါင်​ ၃၂ သန်​းဖြင်​့ ​ရောင်​းချခဲ့ခြင်​းဖြစ်​သည်​။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly