စပါးကွင်းလယ်လူ ဟယ်ရီဝင့်စ်ဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားတာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်တယ်လို့ ကလပ်အသင်းက အင်္ဂါနေ့မှာ အတည်ပြုခဲ့ပါတယ်။
စပါးက ၂-၀ ဂိုးနဲ့ ဘန်လေကို အနိုင်ရတဲ့ စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ပြိုင်ဘက် နောက်ခန့်လူ စတီဖင်ဝဖ်နဲ့ ထိခိုက်ခဲ့ပြီးနောက် ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့ရတာဖြစ်ပါတယ်။
"ကျနော်တို့ ဆေးအဖွဲ့က အင်္ဂလန် ယူ ၂၁ ကစားသမားကို ပြန်လည် သက်သာလာဖို့ ဆက်လက် စောင့်ကြည့်နေမှာဖြစ်ပြီး ကစားသမားဟာ လက်ကျန်ရာသီကုန်အထိ ပြန်လာနိုင်မှာတော့ မဟုတ်ပါဘူူး"လို့ စပါးအသင်းက ကြေညာချက်မှာ ပြောပါတယ်။
စပါးအသင်းရဲ့ ဒဏ်ရာရလူစာရင်းမှာ ဟယ်ရီကိန်း၊ ဒန်နီရို့စ်နှင့် လာမယ်လာတို့နဲ့အတူ ဝင့်စ်လာ ပါဝင်လာတာဖြစ်ပါတယ်။
ကွင်းလယ်ကစားသမားဟာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ စပါးအသင်းနဲ့ ပွဲဦးထွက် ဝင်ရောက်ကစားခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီမှာ ၂၀၂၂ ခုနှစ်အထိ အသင်းမှာ ဆက်ရှိဖို့ သက်တမ်းတိုး စာချုပ်ခဲ့ပါတယ်။
©EFE_EPA