ဘာစီလိုနာမှာ ၃ ရာသီကြာ နည်းပြနေတဲ့ အင်းနရစ်က နွေရာသီမှာ အသင်းနဲ့ လမ်းခွဲပြီးနောက် တစ်နှစ်ခန့် အနားယူမယ်လို့ အင်္ဂါနေ့က အတည်ပြုပြောကြားခဲ့ပါတယ်။
နည်းပြ အင်းနရစ်က ဘာစီလိုနာနဲ့ ၎င်းရဲ့ စာချုပ်သက်တမ်းမတိုးဘဲ လမ်းခွဲရန် ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အကြာက ကြေညာခဲ့ပါတယ်။
"ကျနော် အနားယူဖို့ လိုအပ်ပါတယ်။ ကျနော် တခြားအသင်းအကြောင်း စဉ်းစားမနေပါဘူး။ ကျွန်တော် တစ်နှစ်လောက် ခွန်အားပြန်ယူရပါလိမ့်မယ်။ ဒါပေမဲ့ ရာသီကုန်မခင်မှာတော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်တွေ ပြည့်မြောက်အောင် လုပ်ဆောင်ရပါဦးမှာဖြစ်ပါတယ်"လို့ အင်းနရစ်က ဆီဗီလာနဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားမှာ ရီးယဲလ်နောက် ဒုတိယနေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဂျူဗီတပ်စ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီမှာ ထွက်ခွာတော့မယ့် အင်းနရစ်နေရာမှာ ဘယ်နည်းပြကို အစားထိုးခန့်အပ်မယ်ဆိုတော့ကိုတော့ အခုအချိန်ထိ ကြေညာထားတာ မရှိသေးပါဘူး။
Ref; EFE_EPA, Goal