မုံရွာ၊ ဧပြီ ၁ ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသည်။
မုံရွာမြို့နယ်တွင် ရပ်ကွက်ပေါင်း(၃၁)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း(၅၄)အုပ်စု၊ ကျေးရွာပေါင်း (၁၇၁)ရွာ ရှိပြီး မဲရုံပေါင်း(၁၅၉)ရုံ ဖွင့်လှစ်ထားရှိကြောင်းသိရသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် မုံရွာမြို့နယ်မဲဆန္ဒနယ်၌ ဝင်ရောက်အရွေးချယ်ခံသည့် ပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီ တို့ ဝင်ရောက်အရွေးချယ်ခံခဲ့ကြသည်။
မဲစာရင်များကို ည ၉ နာရီတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှ တရားဝင်ထုတ်ပြန်ပေးသွားမှာဖြစ်သည်။
လက်ရှိ ည ၈နာရီ ၁၈ မိနစ်အချိန်တွင် မဲစာရင်းရေတွက်နေဆဲဖြစ်သည်။