လန်ဒန်၊ မတ် ၂၅ ။ ။ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် စပါးကွင်းလယ်လူဒယ်လီအလီကို ဥရောပပြိုင်ပွဲ(ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်) ၃ ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်သည်။
အလီသည် ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဂျန့်အသင်းနှင့် ကစားသည့် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမားဒီဂျေဂီရီကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့သည့်အတွက် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
ထိုကြောင့်ဥရောပစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အလီကို ယခုကဲ့သို့ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ စပါးသည် ယခုအခါ ဥရောပပြိုင်ပွဲမရှိတော့သည့်အတွက် အလီမှာ ယင်းပြစ်ဒဏ်ကို နောက်ရာသီများတွင် ကျခံရမည် ဖြစ်သည်။
အလီသည် စပါးအသင်းအတွက် ယခုနှစ် ဘောလုံးရာသီ ပြိုင်ပွဲစုံတွင် ၁၇ ဂိုးအထိ သွင်းယူပေးထားသူဖြစ်သည်။
ရည်ညွှန်း - sportsmole