မတ် ၂၃ ။ ။ ဆိုင်းနိုင်းကျွန်းဆွယ်၌ အစ္စလာမ်မစ်နိုင်ငံတော် IS အစွန်းရောက် တပ်သားများနှင့် တိုက်ပွဲဖြစ်ပွားရာတွင် လမ်းဘေး ဗုံးပေါက်ကွဲမှု နှစ်ခုကြောင့် အီဂျစ်စစ်သား ၁၀ဦးခန့် သေဆုံးခဲ့ရကြောင်း စစ်တပ်မှ ယနေ့ ကြာသာပတေးနေ့၌ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါတိုက်ပွဲတွင် အိုင်အက်စ်တပ်သား ၁၅ ဦးလည်း သေဆုံးခဲ့ကြောင်း အီဂျစ်စစ်တပ်မှ ထုတ်ပြန်ကြေညာခဲ့ ပြီး မည့်သည့်အချိန်၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကိုမူ မဖော်ပြခဲ့ကြောင်း သိရသည်။
အီဂျစစ်တပ်က အဆိုပါအပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများသည် အီဂျစ်စစ်သားများက ဂျီဟတ်ဝါဒီများ ပုန်အောင်းနေသည့် အန္တရာယ်ရှိသော နေရာများကို စီးနင်းတိုက်ခိုက်ရာတွင် ဖြစ်ပွားခဲ့ကြောင်း ပြောခဲ့သည်။
အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့က ဆိုင်းနိုင်းမြို့တောင်ပိုင်းရှိ အယ်လ်အာရစ်၌ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ၄င်းတို့အဖွဲ့က စစ်တပ်ယာဉ် ၂ စီးခန့်ကို ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း ပြီးခဲ့သောဗုဒ္ဓဟူးနေ့ နေ့လည်က ထုတ်ပြန်ကြေညာခဲ့သည်။
ဂျီဟတ်ဝါဒီတို့သည် အစ္စလာမ်မစ်သမ္မတ မိုဟာမက်မော်စီကို စစ်တပ်က ဖြုတ်ချခဲ့ပြီးကတည်းက ရာနှင့်ချီသော စစ်သားများနှင့် ရဲသားများကို သတ်ဖြတ်ခဲ့ကြသည်။