ဥရောပဘောလုံးလောကရဲ့ ရာသီကြိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ International Champions Cup ပြိုင်ပွဲကို စင်္ကာပူနိုင်ငံက အိမ်ရှင်အဖြစ် (၄) နှစ်ဆက် လက်ခံကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
စင်္ကာပူခရီးသွားလာရေးလုပ်ငန်းဘုတ်အဖွဲ့ (STB) က အဆိုပါပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ Catalyst Media Group နဲ့အတူ ၄ နှစ်သက်တမ်းရှိ မိတ်ဖက်စာချုပ်ကို ကြာသပတေးနေ့ (မတ် ၁၆)ရက်နေ့က လက်မှတ်ထိုးခဲ့ပြီးနောက် အခုလို ပြိုင်ပွဲကို ကျင်းပခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ယခုနှစ်မှာ ကျင်းပမယ့် International Champions Cup ပြိုင်ပွဲမှ ဘိုင်ယန်မြူးနစ်၊ ချယ်လ်ဆီးနှင့် အင်တာမီလန်အသင်းတို့ရဲ့ သုံးသင်းပတ်လည်ပွဲစဉ်တွေကို စင်္ကာပူနိုင်ငံက လက်ခံကျင်းပသွားမှာဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့ကနေ စတင်ကစားသွားမှာပါ။
လက်မှတ်စျေးနှုန်းတွေကတော့ ကလေးတွေအတွက် စင်္ကာပူဒေါ်လာ ၂၅ ကနေစတင်လို့ အရွယ်ရောက်ပြီးသူတွေအတွက် ဒေါ်လာ ၄၀ အထိ ရှိပြီး မတ်လ ၃၀ ရက်ကနေ စတင် ရောင်းချသွားမှာဖြစ်ပါတယ်။
ပွဲစဉ်ဇယား
ဇူလိုင် ၂၅၊ အင်္ဂါနေ့
ချယ်လဲဆီး vs ဘိုင်ယန်မြူးနစ်
ဇူလိုင် ၂၇၊ ကြာသပတေးနေ့
ဘိုင်ယန်မြူးနစ် vs အင်တာမီလန်
ဇူလိုင် ၂၉၊ စနေနေ့
ချယ်လ်ဆီး vs အင်တာမီလန်
Ref; CNA