ဟောလိ၀ုဒ်ကြယ်ပွင့် အင်ဂျလီနာဂျိုလီသည် ပထမဦးဆုံးအနေဖြင့် သင်ခန်းစာပို့ချသူအဖြစ် ဆောင်ရွက်ခဲ့အပြီး တွင် ကျောင်းသူ၊ကျောင်းသားများထံမှ ကောင်းမွန်သော မှတ်ချက်များရရှိခဲ့ပြီး ချီးမွမ်းခံခဲ့ရသည်။
သရုပ်ဆောင်နှင့် ဒါရိုက်တာဖြစ်သူ သူမသည် လန်ဒန်စီးပွားရေးကျောင်း၏ ဘွဲ့လွန်သင်တန်းတစ်ခု၌ ကျောင်းသား၊ ကျောင်းသူများအား အမျိုးသမီး၊ငြိမ်းချမ်းရေးနှင့် လုံခြံုရေးအကြောင်းကို ဟောပြောခဲ့သည်။
ဂျိုလီသည် သူမ၏အတွေ့အကြံုများနှင့် သူမအား ကုလသမဂ္ဂ၏ အထူးသံတမန်အဖြစ်လုပ်ကိုင်ဖို့ မည်သည့် အကြောင်းအရာများက တွန်းအားဖြစ်စေခဲ့သလဲ ဆိုတာကို ဟောပြောခဲ့ကြောင်း တက္ကသိုလ်က ပြောခဲ့သည်။
ကျောင်းသူများဖြစ်ကြသော တာဇင်းဒါနာနီနှင့် အလန်နာဖော်စတာတို့က မစ္စဂျိုလီသည် အံသြဖွယ်ရာကောင်း ကြောင်းနှင့် မယုံကြည်နိုင်လောက်အောင် ကောင်းမွန်သော သင်ခန်းစာပို့ချသူတစ်ဦးဖြစ်သည်ဟု တွစ်တာပေါ်၌ ရေးသားခဲ့ကြသည်။
မစ္စဒါနာနီက ဂျိုလီသည် အံ့သြစရာကောင်းလောက်အောင် တော်သော ဧည့်ပါမောက္ခတစ်ဦးဖြစ်ကြောင်းနှင့် သူမ၏ သင်ခန်းစာပို့ချမှုကို နားထောင်ရခြင်းဟာ ဂုဏ်ယူစရာတစ်ခုဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဂျိုလီသည် သင်ခန်းစာပို့ချစဉ်အတွင်း ကျောင်းသား ကျောင်းသူများထံမှ မေးခွန်းများအားလုံးကို ဖြေကြားပေးခဲ့ သည်။
Ref: BBC