တနင်္လာနေ့က မန်ချက်စတာယူနိုက်က ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ၎င်းတို့ရဲ့ ကစားသမားတွေကို ထိန်းချုပ်ရန် ပျက်ကွက်မှုဖြင့် မန်ယူအသင်းကို အက်ဖ်အေက စွဲချက်တင်ခဲ့ပါတယ်။
ပထမပိုင်း ၃၅ မိနစ်မှာ ကွင်းလယ်လူ ဟာရဲရား အထုတ်ခံရပြီးနောက် မန်ယူကစားသမားတွေက ဒိုင်လူကြီး မိုက်ကယ်အိုလီဗကို ဝိုင်းရံခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းဟာ စတမ်းဖို့ဒ်ဘရစ်ဂျ်မှာ ၁-၀ ဂိုးနဲ့ ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့ပါတယ်။
မန်ယူအသင်းကို သောကြာနေ့ (18:00 GMT) အထိ ဖြေရှင်းတုံ့ပြန်ခွင့်ပေးထားတယ်လို့ အက်ဖ်အေ ကြေညာချက်မှာ ပါရှိပါတယ်။
အဆိုပါပွဲစဉ်မှာ ဟာရဲရားက ဟာဇက်ကို တားဆီးရင်း နှစ်ဝါတစ် တစ်နီပြစ်ဒဏ်နဲ့ ထုတ်ပယ်ခဲ့ရပါတယ်။
ပွဲစဉ်နောက်ပိုင်းမှာ ဟာဇက်ကို တက်နင်းခဲ့တဲ့ မန်ယူနောက်ခံလူ ရိုဟိုကိုတော့ စွဲချက်မတင်ခဲ့ဘူးလို့ သိရပါတယ်။
Ref; BBC Sports