မတ် ၁၂၊ စပိန် ။ ။ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်းသည် လာလီဂါနောက်ဆုံး(၅)ရာသီတွင် ပင်နယ်တီအများဆုံးရရှိသည့် အသင်းအဖြစ် မှတ်တမ်းဝင်လျက်ရှိသည်။
အဆိုပါစစ်တမ်းကို Opta က ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဘာစီလို လာလီဂါနောက် ဆုံး(၅)ရာသီတွင် စုစုပေါင်းပင် နယ်တီ (၄၇)ကြိမ် ရရှိခဲ့သည်။ ရီးယဲလ်အသင်းမှာမူ (၄၄)ကြိမ် သာရရှိထားရာ ဘာစီလိုနာအသင်းက ရီးယဲလ်အသင်းထက် (၃)ကြိမ်ပိုမိုရရှိခဲ့သည်။
ဘာစီလိုနာနှင့် ရီးယဲလ်တို့၏နောက်တွင် ဆီးဗီးလားက (၃၉)ကြိမ်၊ အက် သလက်တီကိုက (၃၂)ကြိမ်၊ ဂရန်နာဒါက (၂၈)ကြိမ်၊ ဗလင်စီယာ က (၂၆)ကြိမ်၊ ဘီလ်ဘာအိုက (၂၅)ကြိမ် အသီးသီးရရှိခဲ့ကြသည်။
ဘာစီလိုနာအသင်းသည် ပင်နယ်တီအများဆုံး ရရှိခဲ့သည့် အသင်းဖြစ်ခဲ့သော်လည်း ပြိုင်ဘက်များကို ပင်နယ်တီပေးခဲ့ရ သည့်အကြိမ်မှာ (၁၃)ကြိမ်ရှိခဲ့သည်။ အက်သလက်တီအသင်းမှာ (၁၁) ကြိမ်ဖြင့် ပင်နယ်တီအနည်းဆုံး ပေးရသည့်အသင်းဖြစ်ခဲ့သည်။
လာလီဂါတွင် ပင်နယ်တီအများဆုံးပေးရသည့်အသင်းမှာ ဗလင်စီယာဖြစ်ပြီး (၃၅)ကြိမ် ပေးခဲ့ရသည်။ ရီးယဲလ်အသင်းမှာမူ ပင်နယ်တီ(၂၂)ကြိမ် ပေးခဲ့ရသည်။
ရည်ညွှန်း မာကာ