မတ် ၁၊ လက်စတာ။ ။ အင်္ဂလန်နည်းပြဟောင်း ရွိုင်းဟော့ဒ်ဆန်သည် လက်စတာအသင်းနည်းပြရာထူးအတွက် လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု မေးအွန်လိုင်းသတင်းတွင်ဖော်ပြထားသည်။
အင်္ဂလန်အသင်းကိုယူရို ၂၀၁၆ ပြိုင်ပွဲတွင်ကိုင်တွယ်ပြီး အောင်မြင်မှုမရခဲ့သည့် ဟော့ဒ်ဆန်သည် ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ အသင်းတာဝန်ရှိသူများနှင့် ပြီးခဲ့သည့်သောကြာနေ့က လန်ဒန်အနောက်တောင်ပိုင်းတွင် ဆွေးနွေးခဲ့သည်ဟုယူဆရသည်။
လက်စတာအသင်းပိုင်ရှင် ဆရီဗက်ဒနာပရက်ဟာသည် ရေနီယာရီ၏နေရာတွင် ဟော့ဒ်ဆန်ကို ခန့်အပ်ရန် အလေးသာနေခြင်း ဖြစ်သည်။
အသက် ၅၉ နှစ်ရှိ ထိုင်းစီးပွားရေးလုပ်ငန်းရှင်သည် လက်စတာအသင်း၏ဆိုးရွားနေသောအခြေအနေမှ ပြန်လည်ဦးမော့လာစေ ရန် အတွေ့အကြုံရှိသူတစ်ဦးကို ဦးဆောင်စေချင်နေခြင်းဖြစ်သည်။
အသက် ၇၀ နှစ်ရှိ ဟော့ဒ်ဆန်သည် နည်းပြလောကသို့ ပြန်လာချင်နေသည်။ ယာယီနည်းပြဖြစ်သူ ရှိတ်စပီးယားသည်လည်း လီဗာပူးလ်အသင်းကို ၃-၁ ဖြင့်အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်သဖြင့် ရာသီကုန်ထိဆက်လက်ကိုင်တွယ်ခွင့်ရရန် အခြေအနေ ကောင်းနေသည်။
Ref; Daily Mail