ယာဉ်စီးရေ အများဆုံးတည်ရှိရာ ရန်ကုန်မြို့မှာ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့တဲ့အနေနဲ့ အငှားယာဉ် (Taxi) များကို ထက်ဝက်ခန့် လျှော့ချသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ အငှားယာဉ်များမှာ အရေအတွက်အားဖြင့် ၆၆၀၀၀ ကျော်ရှိကြောင်း၊ အမျိုးအစားအားဖြင့် နှစ်မျိုး ခွဲခြားထားကြောင်း သိရပါတယ်။
AA၊ BB၊ CC တို့လို အမြဲတမ်းအငှားယာဉ်များနှင့် အိမ်စီးကားအနက်များမှ ပြောင်းလာတဲ့ အငှားယာဉ်ဆိုပြီး ခွဲခြားထားကြောင်း၊ AA၊ BB၊ CC စသည့်ကဲ့သို့ အငှားယာဉ်များမှာ ရန်ကုန်မြို့တွင်း စုစုပေါင်း သုံးသောင်း ကျော်၊ လေးသောင်းနီးပါးရှိပြီး ကိုယ်ပိုင်ကားအနက်များမှ အငှားယာဉ် (Taxi) အနီ ပြောင်းလာတဲ့ ယာဉ်အရေအတွက်မှာ ၂၇၀၀၀ ကျော်ရှိကြောင်း တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးòန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
အဆိုပါ အငှားယာဉ် (Taxi) များကို တိုင်းဒေသကြီးအစိုးရအနေဖြင့် ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့တဲ့အနေဖြင့် ယခုအခါ အငှားယာဉ် (Taxi) ထက်ဝက်နီးပါးခန့်ကို ဖြေလျှော့ရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။
Ref; MOI Webportal Myanmar