ဇန်နဝါရီ ၂၉ ။ ။ ယနေ့ တနင်္ဂနွေနေ့တွင် အစ္စရေးတို့ သိမ်းပိုက်ထားရာ West Bank ရှိ Jenin စခန်းထဲ၌ အစ္စရေးတပ်သားများ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဆရာဝန်များက ပြောခဲ့သည်။
သေဆုံးခဲ့သော ပါလက်စတိုင်းလူမျိုးမှာ West Bank မြောက်ပိုင်းတွင် တည်ရှိသော စခန်းထဲမှ ၁၉နှစ်အရွယ် မိုဟာမက်အဘူခါလီဖာဆိုသော လူငယ်တစ်ဦးဖြစ်ကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။
အစ္စရေးတပ်ဖွဲ့များက ပါလက်စတိုင်းလူငယ်များနှင့် စတင်အချင်းဖြစ်ပွားခဲ့ပြီးနောက်တွင် စခန်းထဲသို့ ကျူးကျော် ဝင်ရောက်ခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပါလက်စတိုင်းလုံခြုံရေးအရာရှိများက ပြောခဲ့သည်။
အစ္စရေးစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စစ်သားများဟာ အဆိုပါစခန်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ပြောခဲ့သည်။
“ရုတ်တရက် အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရတာကြောင့် ဆူပူမှုဖြစ်အောင် လှုံ့ဆော်သွေးထိုးသူတွေကို စစ်သားတွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။
ဒါ့အပြင် စစ်သားတစ်ယောက်မှ ဒဏ်ရာမရရှိခဲ့ကြောင်း သူမက ဆက်ပြောခဲ့သည်။