အမေရိကန်သမ္မတသစ် ဖြစ်လာသော ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ရောက်ရှိလာ

အမေရိကန်သမ္မတသစ် ဖြစ်လာသော ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ရောက်ရှိလာ

ဇန်နဝါရီ ၂၁ ။              ။ အမေရိကန်နိုင်ငံ၏ ၄၅ ဦးမြောက် သမ္မတဖြစ်လာခဲ့ပြီဖြစ်သော ဒေါ်နယ်ထရမ့်မှာ ယမန်နေ့က ကျမ်းသစ္စာကျိန်ဆိုပြီးနောက် အိမ်ဖြူတော်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သမ္မတသစ် ထရမ့်နှင့် သမ္မတကတော် မယ်လာနီယာ ထရမ့်တို့မှာ Capitol မှတဆင့် အိမ်ဖြူတော်ရှေ့ရှိ Lafayette Square သို့ ဇန်နဝါရီ ၂၀ ရက် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထရမ့် အာဏာရလာခဲ့ပြီးနောက်ပိုင်း ၎င်း၏ အစိုးရအဖွဲ့အတွက် ရွေးချယ်ထားသော ကာကွယ်ရေးဝန်ကြီးအဖြစ် ဂျိမ်းစ် မက်တစ် နှင့် ပြည်ထဲရေးဝန်ကြီးအဖြစ် ဂျွန်အက်ဖ်ကယ်လီတို့အားလည်း ဆီးနိတ်က အတည်ပြုပေးလိုက်ပြီဖြစ်သည်။
ယခုအခါ ပင်တဂွန်စစ်ဌာနချုပ်နှင့် အမျိုးသားလုံခြုံရေးအကြီးအကဲများအနေဖြင့်  ၎င်းတို့၏လုပ်ငန်းတာဝန်များကို မဆိုင်းမတွ စတင်ထမ်းဆောင်သွားတော့မည်ဖြစ်ကြောင်းနှင့် အမေရိက၏ နယ်စပ်လုံခြုံရေးနှင့် စစ်ဘက်ဆိုင်ရာ ပြန်လည်တည်ဆောက်မှုလုပ်ငန်းများ လုပ်ဆောင်သွားတော့မည်ဖြစ်ကြောင်းလည်း ထရမ့်က ပြောသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags