ဖိလစ်ပိုင်နိုင်ငံရှိ အမေရိကန်သံရုံးရှေ့၌ ဖိလစ်ပိုင်လူမျိုးများက ဒေါ်နယ်ထရမ့်အား ဆန့်ကျင်ဆန္ဒပြ

ဖိလစ်ပိုင်နိုင်ငံရှိ အမေရိကန်သံရုံးရှေ့၌ ဖိလစ်ပိုင်လူမျိုးများက ဒေါ်နယ်ထရမ့်အား ဆန့်ကျင်ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၏ သမ္မအဖြစ်ရာထူးလက်မခံမီ နာရီပိုင်းအလို၌ ဒေါ်နယ်ထရမ့်အား ဆန့်ကျင်ဆန္ဒပြသော ရာနှင့်ချီသည့် ဖိလစ်ပိုင်လူမျိုးများသည် ယနေ့သောကြာနေ့တွင် ဖိလစ်ပိုင်နိုင်ငံရှိ အမေရိကန်သံရုံးရှေ့၌ လာရောက်စုရုံးခဲ့ကြပြီး ဒေါ်နယ်ထရမ့်အား လိင်ခွဲခြားဆက်ဆံသူ၊ လူမျိုးရေးခွဲခြားသူနှင့် လူစိမ်းကြောက်သော ရောဂါရှိသူဟုစွပ်စွဲရှုံ့ချခဲ့ကြသည်။

ဆန္ဒပြသူများဟာလက်ဝဲယိမ်းသောအုပ်စုဖြစ်ကာ “သွားစမ်းပါထရမ့်ရာ”ဟုသံပြိုင်ကြွေးကြော်ခဲ့ကြပြီး အမေရိကန်ပြည်ထောင်စုတွင် ရွှေ့ပြောင်းနေထိုင်ကြသည့် ဖိလစ်ပိုင်နိုင်ငံသားများအတွက် ထရမ့်ဟာ ဒုက္ခပေး မည့်သူတစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

“ကမ္ဘာပေါ်မှာ အားအကောင်းဆုံး အရင်းရှင်နိုင်ငံတစ်ခု၌ သမ္မတဖြစ်လာတော့မည့်သူတစ်ယောက်ဟာ လိင်ခွဲ ခြားဆက်ဆံတတ်သူ၊ လူမျိုးရေးခွဲခြားတတ်သူနဲ့ လူစိမ်းကြောက်တဲ့ ရောဂါရှိတဲ့သူလို့ သိရတာ ထိတ်လန့်တုန်လှုပ် စရာတစ်ခုဖြစ်ပါတယ်” လို့ ဂါဘရီရယ်လာအမျိုးသမီးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ဂျွမ်ဆယ်လ်ဗာဒေါက အေအက်ဖ်ပီသို့ပြောခဲ့သည်။

“ဆယ်စုနှစ်များစွာကြာအောင် သူတို့ရဲ့ အခွင့်အရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ခဲ့ကြရတဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အမျိုးသမီးများအတွက်တော့ ထရမ့်သမ္မတဖြစ်လာခြင်းဟာ တုန်လှုပ်စရာကောင်းတယ်”လု့ိ ဆက်ပြောခဲ့သည်။

မနီလာမြို့တော်ရှိအမေရိကန်သံရုံးရှေ့တွင် လူပေါင်း၃၀၀လောက်ဟာ “ရွှေ့ပြောင်းနေထိုင်သူဖိလစ်ပိုင်လူမျိုး များကို မထိနဲ့ ဒေါ်နယ်ထရမ့်”ဟု ရေးသားထားသော ဆိုင်းဘုတ်များနှင့် “မင်းဟာ အမှိုက်သရိုက်ကောင်ပဲထရမ့်” လို့ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ စုရုံးဆန္ဒပြခဲ့ကြသည်။ ဒါ့အပြင် ဒေါ်နယ်ထရမ့်၏ ဓာတ်ပုံကိုလည်း အမှိုက်ပုံးထဲသို့ထည့်ကာ ဆန္ဒပြခဲ့ကြသည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags