ဇန်နဝါရီ ၁၉၊ အင်္ဂလန် ။ ။ မန်ယူအသင်းတွင် ဂရစ်ဇ်မန်းဝတ်ဆင်ကစားမည့် ကျောနံပါတ်နှင့် ရရှိမည့်လစာငွေပမာဏအတွက် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ အကြိုသဘောတူညီမှု ရရှိသွားပြီဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
မန်ယူအသင်းသည် အက်သလက်တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူရန် အလွန်အလိုရှိနေပြီး ၎င်းမှာ နည်းပြ မော်ရင်ဟို၏ စိတ်ကြိုက်ကစားသမားတစ်ဦးလည်း ဖြစ်သည်။
အင်ဒီပန်းဒန့်သတင်းစာ၏ ဖော်ပြချက်တွင်မူ မန်ယူအသင်းနှင့်ဂရစ်ဇ်မန်းတို့သည့် နှုတ်အားဖြင့် အပြောင်းအရွှေ့၏အသေးစိတ်အချက်အလက်များကိုပင် သဘောတူညီခဲ့သည်ဟု ပါရှိသည်။ ထိုအထဲမှ တစ်ခုမှာ စာချုပ်တွင် ဂရစ်ဇ်မန်းအတွက် လျော်ကြေးငွေ ပေါင် ၈၆.၇ သန်း ထည့်သွင်းချုပ်ဆိုမည်ဆိုသည့်အချက်ဖြစ်သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်အပြောင်းအရွှေ့က ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၈၉ သန်းဖြင့်ခေါ်ယူခဲ့သလို ဂရစ်ဇ်မန်းကိုလည်း ထိုနည်းတူ ခေါ်ယူမည်ဟု ယုံကြည်ရသည်။ ဂရစ်ဇ်မန်းမှာ ယခုနှစ်ရာသီတွင် အက်သလက်အသင်းအတွက် ပွဲပေါင်း ၂၅ ပွဲကစားပြီး ၁၂ ဂိုးသွင်းယူကာ ၆ ဂိုးဖန်တီးပေးထားသည်။
ရည်ညွှန်း sportsmole