ကားလိုင်းအသစ်များ ပြောင်းလဲမှုကြောင့် မြို့ပတ်ရထား စီးသူဦးရေ ရှစ်သောင်းခန့် တိုးလာ

ကားလိုင်းအသစ်များ ပြောင်းလဲမှုကြောင့် မြို့ပတ်ရထား စီးသူဦးရေ ရှစ်သောင်းခန့် တိုးလာ

ရန်ကုန်၊ ဇန်နဝါရီလ ၁၄ ။                ။ ရန်ကုန်မြို့တွင်းတွင် အများပိုင်ယာဉ်လိုင်းများ ပြောင်းလဲမှုကြောင့် မြို့ပတ်ရထားစီးသူဦးရေ ရှစ်သောင်းခန့်တိုးလာကြောင်း ရန်ကုန်တိုင်းဒေသကြီး   မြန်မာ့မီးရထား သွားလာပို့ဆောင်ရေးဌာနက သိရသည်။

ရန်ကုန်မြို့တွင် ယာဉ်လိုင်းများ စုပေါင်းပြီး အများပိုင်ကုမ္ပဏီ ဖွဲ့စီးပြီးစည်းလိုက်ပြီးနောက် မြို့ပတ်ရထားစီးတဲ့ အရေအတွက်များ တိုးတက်လာကာ လိုင်းကားစီးသူဦးရေ လျော့နည်းလာကြောင်းသိရသည်။

"မြို့ထဲမှာ ယာဉ်ကြောကြပ်တဲ့အခါမှာ အချိန်ကြာတဲ့အတွက် ကျွန်တော်တို့ဘက်ကို ရထားဘက် လှည့်လာတာပေါ့" ဟု ရန်ကုန်တိုင်းဒေသကြီး မြန်မာ့သွားလာပို့ဆောင်ရေးဌာနမှ တိုင်းမန်နေဂျာဦးဇော်လွင်က ပြောသည်။

ရန်ကုန်မြို့တွင်း လက်ရှိပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း ၃၀၀ကျော်ကို ပေါင်းကာ အများပိုင်ကုမ္ပဏီဖွဲ့စီးပြီး ဇန်နဝါရီလ ၁၆ ရက်တွင် လမ်းကြောင်းသစ်များသုံးကာ ယာဉ်လိုင်း ၆၀ဖြင့် စတင်ပြေးဆွဲတော့မည်ဖြစ်သည်။

အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်ကို စတင်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရဖွဲ့က ယာဉ်လိုင်း ၆၀ ကို ဇန်နဝါရီလ ၃ရက်က ထုတ်ပြန်ကြေငြာခဲ့သည်။

စတင်ပြေးဆွဲချိန်တွင် မော်တော်ယာဉ်ဟောင်းများနှင့်သာ ပြေးဆွဲနိုင်မည်ဖြစ်ပြီး နောက်၃ လနေမှသာ ကားအသစ်များကို ထည့်သွင်းအသုံးပြုသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly