Richard Carpenter က သူတေးသံသွင်းခဲ့သည့် The Carpenters ၏ Yesterday Once More အပါအဝင် ပေါက်သီချင်းများနှင့် ပတ်သက်၍ မူပိုင်ခွင့်အတွက် အနည်းဆုံးဒေါ်လာနှစ်သန်းခန့် Universal Music မှ ရရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
သူက သူတို့ ဂီတအဖွဲ့၏ သီချင်းများအား အင်တာနက်ဝက်ဘ်ဆိုက်များဖြစ်သော iTunes နှင့် Amazon တို့မှ ဆွဲချနားထောင်ခ အားလုံးပေါင်း၏ နည်းပါးသောပမာဏကိုသာ Universal Music မှပေးချေခဲ့ကြောင်း အခိုင်အမာပြောကြားခဲ့သည်။
ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က လော့စ်အိန်ဂျယ်လိစ်မြို့တွင် တရားဝင်အချက်အလက်များဖြင့် အမှုဖွင့်ခဲ့မှုအရ အဆိုပါ ဂီတပညာရှင်ကြီးဟာ နစ်နာကြေးအတွက် တရားစွဲဆိုနေခြင်းဖြစ်ပါသည်။
ဒါဟာ ၁၉၈၃ခုနှစ်တွင် ကွယ်လွန်သွားခဲ့သော သူမ၏ ညီမဖြစ်သူ Karen Carpenter ကိုယ်စားယခုလို အမှုဖွင့်တာ ဖြစ်ကြောင်း သိရပါသည်။
The Carpenter အဖွဲ့ဟာ ၁၉၆၉ခုနှစ်တုန်းက ဂီတမောင်နှမနှစ်ယောက်ဖြစ်သော Richard Carpenter နှင့် Karen Carpenter တို့ဖြင့် စတင်တည်ထောင်ခဲ့ပြီး အလွန်အောင်မြင်ခဲ့ပါသည်။
Ref: BBC