ဇန်နဝါရီ ၈၊ လန်ဒန်။ ။ ချယ်လ်ဆီးအသင်းသည် ဘုန်းမောက်အသင်းထံအငှားဖြင့်စေလွှတ်ထားသည့် အသက် ၂၁ နှစ်အရွယ် နသန်အက်ကီကို ပြန်လည်ခေါ်ယူရန် စဉ်းစားနေသည်။
အပြောင်းအရွှေ့စျေးကွက်အတွင်း တောင်ပံခံစစ်ကစားသမားတစ်ဦးရှာဖွေနေသည့် နည်းပြကွန်တီသည် အက်ကီအနေဖြင့် ယင်း နေရာတွင်လည်းကောင်း၊ နောက်တန်းသုံးယောက်တန်းတွင် ဘယ်ခြမ်း၌လည်းကောင်း ကစားနိုင်မည်ဟု ယုံကြည်နေသည်။
“အက်ကီကတကယ်ကောင်းတဲ့ကစားသမားဖြစ်ပြီး အခုဆိုရင် ဘုန်းမောက်မှာပွဲတိုင်းကစားခွင့်ရနေတယ်။ အရိုးသားဆုံးပြော ရရင် ကျွန်တော်သူ့အခြေအနေကိုစောင့်ကြည့်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူက ဒီအပြောင်းအရွှေ့အတွင်းမှာ ကျွန်တော်တို့အတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်လာနိုင်လို့ပါ”ဟု ကွန်တီက ပြောသည်။
စပါးနှင့်ပွဲတွင်ရပ်တန့်ခဲ့ရသည့် ၁၃ ပွဲဆက်နိုင်ပွဲစံချိန်တင်ခဲ့သော်လည်း မားကို့စ်အလွန်ဆိုနှင့် ဗစ်တာမော့ဆက်တို့မှာ ချယ်လ်ဆီးကစားကွက်တွင် အားနည်းချက်ဖြစ်နေပုံရသဖြင့် တောင်ပံခံစစ်ပိုင်းအားဖြည့်ရန် ဦးစားပေးအစီအစဉ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
မိုနာကိုမှ အသက် ၂၄ နှစ်အရွယ် ဒီဘရေ ဆီဒီဘီ၊ အသက် ၂၂ နှစ်အရွယ် ဘင်ဂျမင်မန်ဒီတို့မှာ စုံစမ်းခံနေရသော်လည်း မန်စီးတီးနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲရှိနေ၍ ဇန်နဝါရီအပြောင်းအရွှေ့အတွင်း ချယ်လ်ဆီးသို့ရောက်လာဖွယ်မရှိဟု ယူဆရသည်။
Ref; Daily Mail