ဗင်နီဇွဲလားမှ လာသောသတင်းများအရ ရှာဖွေရေးအဖွဲ့များဟာ နိုင်ငံရဲ့အမေဇုံဒေသမှာ ပျက်ကျခဲ့သောစစ်ဖက် ရဟတ်ယာဉ်ထဲတွင် ပါသွားခဲ့သည့် အသက်ရှင်ကျန်ရစ်သူများကို ပျက်ကျပြီး ခြောက်ရက်အကြာတွင် ပြန်လည် ရှာတွေ့ခဲ့ပြီဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော ကြာသာပတေးနေ့က ပျောက်ဆုံးသွားခဲ့သည့် Mi-17V-5 စစ်ဖက်ရဟတ်ယာဉ်ပေါ်၌ အရပ်သားများ အပါအဝင်လူပေါင်း ၁၃ဦး လိုက်ပါ စီးနင်းခဲ့သည်။
ဗင်နီဇွဲလား၏ El Nacional သတင်းစာအရ အသက်ရှင်ကျန်ရစ်သော စစ်မှုထမ်းများကို အမေဇုန်ပြည်နယ်မြို့ တော် Puerto Ayachucho သို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်တွင် လိုက်ပါခဲ့သည့် အရပ်သားခရီးသည်များ အသက်ရှင်ကျန်ရစ်သလားဆိုတာကို ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့ကြောင်း သိရသည်။
အမေဇုန်ပြည်နယ်အုပ်ချုပ်ရေးမှူး Liborio Guarulla က တွစ်တာပေါ်၌ ရဟတ်ယာဉ်ကို ဒေသခံ Yecuana လူ မျိုးစုနွယ်ဝင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ရေးသားခဲ့သည်။ ရဟတ်ယာဉ်ကို ဗင်နီဇွဲလားနိုင်ငံတောင်ပိုင်းရှိ တောင်စောင်းပေါ်တွင်ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သူက ထပ်လောင်းပြောကြားခဲ့သည်။
Ref: BBC