နာမည်ကျော်အစီအစဉ်မှူးဖြစ်သည့် Ellen DeGeneres က ဓမ္မသီချင်းအဆိုတော် Kim Burrell ဟာ လိင်တူချစ်သူများအား မုန်းတီးသည့်မှတ်ချက်ပေးစကား ပြောဆိုမှုကြောင့် သူမ၏ အစီအစဉ်ဖြစ်သည့် Ellen Show တွင် လာရောက်ဖျော်ဖြေခွင့်ကို ပိတ်ပင်လိုက်ပါသည်။
Kim Burrell ဟာ တက္ကဆက်ပြည်နယ် ဟော့စ်တွန်မြို့ရှိဘုရားရှိခိုးကျောင်းတွင် တရားဒေသနာမြွက်ကြားနေစဉ် ၌ “ဓမ္မတာမဟုတ်သည့်လိင်တူဆက်ဆံလိုသောစိတ်ဝိညာဉ်”ဟူသောစကားကို ရည်ညွှန်းပြောဆိုခဲ့ပါသည်။
Burrell ဟာ နာမည်ကျော်အဆိုတော် Pharrell Williams နှင့်အတူ လာမည့်အပတ်တွင် Ellen Show ၌ဖျော်ဖြေ ဖို့စီစဉ်ထားခဲ့ပါသည်။ သို့သော်လည်းအဆိုပါရှိုး၏အစီအစဉ်မှူးဖြစ်သူ Ellen ဟာလိင်တူချစ်သူအခွင့်အရေးအား ထောက်ခံသူတစ်ယောက်ဖြစ်ကာ တွစ်တာ၌ “မေးနေကြတဲ့သူတွေကိုပြောချင်တာက Kim Burrell ဟာကျမရဲ့ အစီအစဉ်မှာ လာရောက်ဖျော်ဖြေရတော့မှာ မဟုတ်ပါဘူး”လို့ရေးသားခဲ့ပါသည်။
Ellen ရဲ့ပရိသတ်များဟာ Burrell ရဲ့ဖျော်ဖြေမှု အစီအစဉ်အားဖျက်သိမ်းပေးရန်အတွက် တောင်းဆိုခဲ့ကြပြီး အွန်လိုင်းမှတစ်ဆင့်လည်း အသနားခံမှုများပြုလုပ်ခဲ့ကြပါသည်။
တရားဒေသနာမြွက်ကြားပြီး နောက်ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုထဲတွင် Burrell က သူမရဲ့မှတ်ချက်ပေးစကားနှင့် ပက်သက်ပြီး ဘာဆင်ခြေမှ၊ဘာတောင်းပန်မှုမှ ပြုလုပ်သွားမှာ မဟုတ်ကြောင်း ပြောခဲ့ပါသည်။
“ကျမရှင်တို့ကိုချစ်ပါတယ်၊ပြီးတော့ ဘုရားသခင်ကလည်းရှင်တို့ကိုချစ်ပါတယ်၊ဒါပေမယ့် ဘုရားသခင်ကရှင်တို့နဲ့ ကျမတို့ထဲမှာရှိတဲ့ မကောင်းမှုအကုသိုလ်ကိုတော့ မုန်းတီးပါတယ်”လို့ သူမက ထပ်လောင်းပြောကြားခဲ့ပါသည်။