ဇန်နဝါရီ ၄ ။ ။ တရုတ်နိုင်ငံတွင် ဇန်နဝါရီလ ၄ ရက် သက်ကြီးအဘိုးအဘွားပြုစုစောင့်ရှောက်ရေး ဂေဟာတစ်ခု မီးလောင်မှုဖြစ်ပွားကာ ခုနစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယင်းနေ့ နံနက် လေးနာရီခန့်က နိုင်ငံ အရှေ့မြောက်ပိုင်း Jilin ဒေသရှိ ပုဂ္ဂလိကပိုင် ဂေဟာတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
မီးကို မိနစ် ၂၀ အတွင်း ငြိမ်းသတ်နိုင်ခဲ့သော်လည်း ခုနစ်ဦ သေဆုံးသွားခဲ့ကြောင်းနှင့် အခြား ၃၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနတွင် ထုတ်ပြန်ထားသည်။
မီးလောင်မှုဖြစ်ပွားရခြင်း၏အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
အစိုးရ၏ ထုတ်ပြန်ချက်များအရလည်း ၂၀၁၅ ခုနှစ်အတွင်းက ယင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ် ၃၃၈,၀၀၀ ထိရှိခဲ့ပြီး လူပေါင်း ၁,၇၄၂ ဦးထိ သေဆုံးထားခဲ့သည်။
ယင်းနိုင်ငံတွင် သက်ကြီးပြုစုစောင့်ရှောက်ရေးကဏ္ဍတွင် ဘေးကင်းလုံခြံုရေးဆိုင်ရာ စံနှုန်းဆောင်ရွက်ချက်များ ပြည့်မီခြင်းမရှိသေးခြင်းကြောင့် ယခုကဲ့သို့ ပြဿနာများ မကြာခဏဆိုသလို ပေါ်ပေါက်ထားခဲ့သည်။