အဆိုတော်မလေး Ariana Grande က Artist of the Year ဆုကို ရရှိ

အဆိုတော်မလေး Ariana Grande က Artist of the Year ဆုကို ရရှိ

ပြီးခဲ့တဲ့ American Music Award ဆုပေးပွဲမှာ အသက် ၂၃ နှစ်အရွယ်ရှိ အဆိုတော်မလေး Ariana Grande ဟာ Artist of the Year ဆုကို နာမည်ကျော်အဆိုတော်တွေဖြစ်တဲ့ Justin Bieber, Rihanna, နဲ့ Selena Gomez တို့ကိုကျော်ဖြတ်ပြီး ဆွတ်ခူးခဲ့ပါတယ်။

 “ကျမ ဒီဆုကိုအခုလိုရလိမ့်မယ်လို့ မယုံကြည်နိုင်ပါဘူး။ ကျမ စိတ်လှုပ်ရှားလွန်းလို့ တစ်ကိုယ်လုံးတုန်လှုပ် နေရပါတယ်”လို့သူမက ပြောခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ “သင်တို့အားလုံးအတွက် တစ်စုတစ်စည်းတည်းနဲ့ ပျော်ရွှင်ရအောင် ပျော်ရွှင်မှုတွေကို ကျမယူဆောင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူမက ဆက်ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly