ရည်းစားဟောင်း Wilmer Valderrama နဲ့ ပြတ်ဆဲခဲ့ပြီးနောက်ပိုင်းမှာ Demi Lovato ရဲ့ဘဝထဲကိုတော့ ယောင်္ကျားလေးအသစ် တစ်ယောက် ၀င်ရောက်လာပါပြီ။
များစွာသောသတင်းအရင်းအမြစ်တွေအရ နာမည်ကျော်ပေါ့ပ်အဆိုကျော်လေးနဲ့ Los Angeles က Unbreakble ဆိုတဲ့အားကစားခန်းမမှာ UFC ဖိုက်တာ Luke Rockhold တို့ဟာ စတင်တွေ့ရှိခဲ့ကြပြီး အဲ့ဒီကမှတဆင့်နှစ်ဦး ကြားဆက်ဆံရေးဟာတိုးတက်လာပြီး အတူတကွရှိနေတဲ့အချိန်တွေ ဟာလည်း များလာပါတယ်။
“Cool for the summer” ဆိုတဲ့သီချင်းပိုင်ရှင် အဆိုတော်မလေးဟာ အသက်၂၄နှစ်ရှိပြီဖြစ်ပြီး UFC middleweight ချန်ပီယံဖြစ်တဲ့ Luke ကတော့ ၃၁နှစ်ရှိပြီဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ အမေရိကန်ဘောလုံးကစားပွဲကိုအတူတကွသွားကြည့်ခဲ့ရင်း သူတို့နှစ်ဦးကြားကဆက်ဆံရေးကို အများအမြင်မှာပထဦးဆုံးအနေနဲ့ ထုတ်ဖော်ပြသလိုက်ပါတယ်။