အောက်တိုဘာ ၁၂ ။ ။ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများဖြစ်သည့် မက်ဆီနှင့် စီရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ဂျူဗင်တပ်စ်ဂိုးသမား ဘတ်ဖွန်က ၂၀၁၆ ရွှေခြေထောက်ဆု ကို ရရှိသွားခဲ့သည်။
The World Champoins Club နှင့် မိုနာကိုမင်းသား အဲလ်ဘတ်(II) တို့က ကြီးမှူးပြီး ပရိသတ်များက အွန်လိုင်းမှ မဲပေးရွေးချယ်သည့် ထိုဆုကို ဘတ်ဖွန်က ဂိုးသမားတစ်ဦးအနေဖြင့် ပထမဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။ Golden foot award မှာ အသက် ၂၈ နှစ်အထက် ကစားသမားများကိုသာ ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်အတွက် ဆန်ခါတင်ကစားသမားများစာရင်းတွင် မက်ဆီ၊ စီရော်နယ်ဒို၊ ရွန်နီ၊ ကားဆီးလက်စ်၊ ကာကာ၊ သီယာဂိုဆေးလ်ဗား၊ ကာဗာနီ၊ ပီယာလို၊ လမ်းပတ်တို့ပါဝင်ခဲ့ကြပြီး ထိုကစားသမားများ ကို ဖြတ်ကျော်ကာ ဘတ်ဖွန်က ရရှိခဲ့ခြင်းဖြစ်သည်။
၂၀၀၃ ခုနှစ်က စတင်ချီးမြှင့်ခဲ့သော ထိုဆုကို ဘတ်ဖွန်က အီတလီကစားသမား တစ်ဦးအနေဖြင့် စတုတ္ထအကြိမ် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်း၏အရင်က ရော်ဘတ်တိုဘတ်ဂီယို၊ ဒယ်ပီယာရို၊ တော့တီ တို့က ရရှိခဲ့ကြသည်။ ယင်းဆုကို ၂၀၁၅ ခုနှစ်က အီတူး၊ ၂၀၁၄ ခုနှစ်က အင်နီယေစတာ၊ ၂၀၁၃ ခုနှစ်က ဒရော့ဂ်ဘာတို့က ရရှိခဲ့သည်။
ရည်ညွှန်း မယ်ရာ