ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး မိုရာတာက ဂျူဗင်တပ်စ်အသင်းမှာ ပြန်ကစားဖို့ မဖြစ်နိုင်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပါတယ်။
ဂျူဗင်တပ်စ်အသင်းမှာ နှစ်ရာသီကြာ ကစားခဲ့ပြီး လက်ရှိ ရီးယဲလ်ကစားသမားက ဂျူဗင်တပ်စ်ဆီ ပြန်လာမယ့်ဆိုတဲ့ အကြောင်းကို ပထမဆုံးအကြိမ် ကြားသိရခြင်းဖြစ်တယ်လို့ အီတလီသတင်းစာ La Gazzetta dello Sport နဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။
ဂျူဗင်တပ်စ်အသင်းကို အောင်မြင်နေဖို့ အမြဲတမ်း ကျနော် ဆန္ဒရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ဟာ ဂျူဗင်တပ်စ်ကို အားပေးတဲ့ ပရိသတ်ဖြစ်နေသလို အမြဲတမ်းလည်း ပရိသတ်တစ်ယောက်အဖြစ် ရှိနေမှာပါ။ ဒါပေမယ့် ဒီအသင်းဆီ ပြန်လာဖို့ဆိုတာ စဉ်းစားလို့ မရသေးပါဘူးလို့ မိုရာတက ရှင်းပြပါတယ်။
လက်ရှိမှာ စပိန်ကြယ်ပွင့်ကစားသမားဟာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ကြာသပတေးနေ့မှာ တူရင်တွင် နိုင်ငံအသင်းနဲ့အတူ အီတလီအသင်းကို ရင်ဆိုင်ကစားမှာဖြစ်ပါတယ်။
တူရင်ကို ပြန်လာရတာဟာ "အလွန်စိတ်လှုပ်ရှား"ရတဲ့အကြောင်းကလည်း အီတလီမြို့ဟာ သူရဲ့ "ဒုတိယအိမ်"လို ဖြစ်နေတယ်လို့ မိုရာတာက ထောက်ပြပြောဆိုသွားပါတယ်။
ကြာသပတေးနေ့မှာ ကစားမယ့်ပွဲဟာ တကယ်ပဲ ခက်ခဲမယ့်ပွဲ ဖြစ်လာမှာဖြစ်သလို စပိန်နှင့် အီတလီအသင်းတို့ဟာ အုပ်စုအတွင်း အဓိက ပြိုင်ဘက်များဖြစ်နေပါတယ်လို့ မိုရာတက ပြောပါတယ်။
© EFE_EPA