တိုကျို၊ စက်တင်ဘာ ၂၆ ။ ။ ဂျပန်ကျွန်းစုများကြား တရုတ်စစ်လေယာဉ် ရှစ်စင်း ပျံသန်း ဝင်ရောက်လာခြင်းကြောင့် တိုက်လေယာဉ်များဖြင့် ကြားဖြတ်ပျံသန်းခဲ့ရကြောင်း ဂျပန်နိုင်ငံက ပြောသည်။
တရုတ်၏ စစ်လေယာဉ်အုပ်တွင် ဗုံးကြဲလေယာဉ်များလည်း ပါဝင်ဖွယ်ရှိပြီး ထောက်လှမ်းရေးလေယာဉ်များနှင့် တိုက်လေယာဉ်တစ်စီးတို့ပါဝင်ကာ အိုကီနာဝါနှင့် မီယာကိုဂျီမာကျွန်းစုကြားရှိ မီယာကို ရေလက်ကြားသို့ ပျံသန်းလာခြင်းဖြစ်သည်။
တရုတ်ဖက်က စစ်လယာဉ် စင်းရေ ၄၀ နီးပါးဖြင့် ပုံမှန်စစ်ရေးလေ့ကျင့်နေကြောင်း ပြောသည်။
တရုတ်လေယာဉ်များက ဂျပန်ဝေဟင်ပိုင်နက်အတွင်းသို့မူ ကျုးကျော်ဝင်ရောက်ခြင်းမရှိသော်လည်း ယခုလုပ်ဆောင်မှုက တရုတ်၏ အင်အားကို ပြသခြင်းအဖြစ် ယူဆရသည်။
တောင်တရုတ်ပင်လယ်တွင် အမေရိကန်နှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်မည်ဟု ဂျပန်နိုင်ငံက ပြောဆိုပြီးနောက် သီတင်းပတ်အတွင်း ယခုဖြစ်ရပ် ပေါ်ပေါက်ခြင်းလည်းဖြစ်သည်။
ဂျပန်နိုင်ငံအနေဖြင့် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများကို မျက်ခြည်မပြတ်အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထိပ်တန်းအစိုးရပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“ဂျပန်နိုင်ငံအနေနဲ့ နိုင်ငံတကာဥပဒေနဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဥပဒေများအရ ဝေဟင်ပိုင်နက်အတွင်း ကျုးနင်းဝင်ရောက်လာခြင်းတွေကို တင်းတင်းကြပ်ကြပ်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။”ဟု ယိုရှီဟိုင်ဒါဆူဂါက ပြောသည်။
မီယာကို ရေလက်ကြားသည် ထိုင်ဝမ်၏ အနီးတွင် ရှိကာ အိုကီနာဝါ ရေပြင်တစ်လျှောက် မိုင် ၁၅၅ မိုင် ကျယ်ပြန့်သည့် မဟာဗျူဟာ အရေးပါသော ရေလက်ကြားခြင်းဖြစ်သည်။