ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၃၆၅၀ ရှိ စိတ်ကြွမူးယစ်ဆေးပြားများကို ရခိုင်နယ်စပ်၊ ဘူးသီးတောင်မြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်က ဖမ်းမိခဲ့သည်။
မူးယစ်ဆေးဝါးများကို မောင်တော-ဘူးသီးတောင် ကားလမ်းရှိ မြို့မအရှေ့ရပ်ကွက်ပိုင် အုတ်သဲကျောက် ရောင်းဝယ်ရေး လုပ်ငန်း၊ ကျောက်ခွဲစက်ဝန်းအတွင်း သဲတင်ယာဉ်အတွင်း သဲများနှင့်ရောကာ ဝှက်ထားခြင်း ဖြစ်သည်။
မူးယစ်ဆေးများနှင့်အတူ ယာဉ်မောင်း မိုးဇော်ဦး နှင့် ကျောက်ခွဲစက်လုပ်ငန်း စာရေး ရှောင်ရှုဖူဟာရ်တို့ကို ဖမ်းမိခဲ့ပြီး ဆေးပြားများ ပိုင်ရှင်ဖြစ်သူ မြို့မအရှေ့ရပ်ကွက်နေ ညီချစ်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ကြေးနန်းစာတွင် ပါရှိသည်။
ယခု ဖမ်းဆီးရရှိမိသော မူးယစ်ဆေးပြားအရေအတွက်မှာ ၆၈၂၅၀၀၊ အလေးချိန် ၆၈.၂၅ ကီလို ရှိသည်။
ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးပြားများ အလုံးအရင်း ဖမ်းဆီးရရှိမှုအဖြစ် သြဂုတ်လ နောက်ဆုံးသီတင်းပတ် သုံးရက်အတွင်း ကျပ်သိန်းပေါင်း ၃ သောင်းကျော်ဖိုးကို မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များမှ ဖမ်းမိခဲ့သည်။