စက်တင်ဘာ ၁၇၊ အာဂျင်တီးနား။ ။ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အာဂျင်တီးနားအသင်း လူစာရင်းတွင် ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်နှင့် မန်စီးတီးတိုက်စစ်မှူး အဂူရိုတို့ပြန်လည်ပါဝင်လာခဲ့သည်။
ဟီဂူအင်သည် ဥရုဂွေး၊ ဗင်နီဇွဲလားတို့နှင့်ပွဲများတွင် အာဂျင်တီးနားအသင်းမှချန်လှပ်ခံခဲ့ရပြီး အဂူရိုမှာ ပွဲစဉ်များကို ပေါင်ဒဏ်ရာ ကြောင့် လွဲချော်ခဲ့ရသည်။
ယင်းကစားသမားများမပါနိုင်သည့် အာဂျင်တီးနားအသင်းမှာ ရုန်းကန်ခဲ့ရပြီး မက်ဆီသည်လည်း တစ်ဂိုးသာ သွင်းနိုင်ခဲ့သည်။
အာဂျင်တီးနားနည်းပြသစ်ဘော်ဇာသည် ဂျူဗင်တပ်တွင်ခြေစွမ်းပြနေသော ဟီဂူအင်ကို လက်ရွေးစင်အသင်းတွင် အခွင့်ရေး ပြန်ပေးခဲ့ခြင်းလည်းဖြစ်သည်။
အာဂျင်တီးနားအသင်းသည် အောက်တိုဘာ ၆ တွင် ပီရူးအသင်းနှင့် အဝေးကွင်းပွဲအဖြစ် ကစားရမည်ဖြစ်ပြီး ၅ ရက်အကြာတွင် ပါရာဂွေးအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။
အာဂျင်တီးနားအသင်းလူစာရင်း
ဂိုး- ရိုမီရို (မန်ယူ)၊ ဂူတ်ဇ်မန်း (တိုက်ဂါးစ်)
နောက်- ရွန်ကာဂလီယာ (ဆယ်လ်တာ)၊ မူဆက်ချီယို (ဗီလာရီးယဲလ်)၊ မိုရီ (အဲဗာတန်)၊ ရိုဟို (မန်ယူ)၊ ဒီမစ်ချယ်လီ (အက်စပန်ညို)၊ ဇာဘလက်တာ၊ အော်တာမန်ဒီ (မန်စီးတီး)၊ မာကာဒို (ဆီဗီလာ)
လယ်- ခရန်နီဗစ်တာ၊ ဖာနန်ဒက်ဇ်၊ ဂိုင်တန် (အက်သလက်တီကို)၊ မာရှေယာနို (ဘာစီလိုနာ)၊ ဘစ်ဂလီယာ (လာဇီယို)၊ ဘင်နီဂါ (အင်တာ)၊ လာမယ်လာ (စပါး)၊ ဒီမာရီယာ (ပီအက်စ်ဂျီ)
ရှေ့- မက်ဆီ (ဘာစီလိုနာ)၊ ကော်ရီယာ (အက်သလက်တီကို)၊ ပရက်တို (အက်သလက်တီကို မင်နဲရိုး)၊ အဂူရို (မန်စီးတီး)၊ ဒိုင်ဘာလာ၊ ဟီဂူအင် (ဂျူဗင်တပ်)။
Ref; goal.com