မြိတ်၊ စက်တင်ဘာ -၁၄ ။ ။ တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့််ရေးကော်တီ (JMC-S) စတုတ္တ အကြိမ် အစည်းအဝေးကို စက်တင်ဘာ ၁၄ ရက်နံနက် ၉ နာရီမှ ၁၁ နာရီအထိ မြိတ်မြို့ တွင်ပြု လုပ်ခဲ့သည်။
ယင်းအစည်းအဝေးသို့ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်လင်းအောင် ပစ်ခတ် တိုက် ခိုက်မှု ဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌဖြစ်သည့် မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးလှသန်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံ၊ နယ်ဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင် ၊ဗိုလ်မှူးကြီး စောမူကပေါ (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း) ၊ နော်မဒြက် (တန င်္သာရီတိုင်းဒေသကြီး ကရင်အမျိုးသမီးရေးရာအဖွဲ့)၊အတွင်းရေးမှူး(၁) ဖဒို ဘီးလယ် ကေအန်န်ယူ မြိတ်-ထား ဝယ်ခရိုင်တရားစီရင်ရေး တာဝန်ခံ) စသည်ဖြင့် တာဝန်ရှိသူ စုစုပေါင်း (၃၀)ဦးခန့် တက် ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။