ရေစီးနှင့်အတူမျောပါသွားသည့် ကျောင်းဆရာမအား သေဆုံးလျက် ပြန်လည် ရှာဖွေတွေ့ရှိ

ရေစီးနှင့်အတူမျောပါသွားသည့် ကျောင်းဆရာမအား သေဆုံးလျက် ပြန်လည် ရှာဖွေတွေ့ရှိ

တောင်တွင်းကြီး၊ သြဂုတ် (၂၈) ။            ။ မကွေးတိုင်းဒေသကြီး ၊တောင်တွင်းကြီးမြို့နယ်တွင် သြဂုတ်(၂၇) ရက် နံနက်က တောင်ကျချောင်းတွင် မျောပါပျောက်ဆုံးခဲ့သည့်   ကျောင်းဆရာမ၏ အလောင်းအား သြဂုတ် ၂၈ရက် နံနက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၊ အောင်းစုကျေးရွာအုပ်စု၊ အောင်းစုကျေးရွာနေ အသက် ၂၇နှစ်အရွယ် ကျောင်းဆရာမ မလင်းစန္ဒာသည် တာဝန်ထမ်းဆောင်ရာ စာသင်ကျောင်းသို့အသွား အကျယ်(၅၀)ပေခန့်ရှိ ငမင်တောင်ကျချောင်းအား ဖြတ်ကူးစဉ် ရေစီးနှင့် မျောပါသွားခဲ့ခြင်းဖြစ်သည်။

ထိုသို့မျောပါသွားခဲ့သည့် အချိန်မှစ၍ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ တာဝန်ရှိဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ငမင်ချောင်းရိုးတစ်လျောက် လိုက်လံရှာဖွေခဲ့ကြရာမှ ယနေ့နံနက်ပိုင်းတွင် ငမင်ရွာ၏အရှေ့ဘက် (၁) မိုင်ခန့် ၊ အခင်းဖြစ်ပွား မျောပါခဲ့သည့် နေရာ၏အနောက်ဘက် (၆)ဖာလုံခန့် အကွာ ငမင်ချောင်းမကြီးနှင့် ပိတ်ဆွယ်ခုံချောင်းတို့ဆုံသည့် နေရာအနီး ချောင်းဘေး သဲခုံပေါ်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly