အဲဗာတန်အသင်းက ခရစ္စတယ်ပဲလေ့စ်ရဲ့ DR ကွန်ဂို ကွင်းလယ်ကစားသမား ဘိုလာဆီကို ပေါင် (၂၅) သန်းနဲ့ ခေါ်ယူပြီး (၅) နှစ် စာချုပ်ခဲ့ကြောင်း သိရပါတယ်။
အသက် (၂၇) နှစ်အရွယ် ဘိုလာဆီဟာ ၂၀၁၂ ခုနှစ်က ဘာရစ်စ်တိုအသင်းကနေ ခရစ္စတယ်ပဲလေ့စ်ကို ပြောင်းရွှေ့လာခဲ့ပြီး အသင်းမှာ (၄) ရာသီ ကစားပေးခဲ့ပါတယ်။
ဘိုလာဆီဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ (၁၄၃) ပွဲကစား၊ (၁၃) ဂိုးသွင်းနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့က ဝက်စ်ဘရွန်းကို (၁) ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပါတယ်။
အဲဗာတန်အသင်းက နွေရာသီ အပြောင်းအရွေ့မှာ ဘိုလာဆီအပါအဝင် အဓိက ကစားသမား လေးဦးမြောက် ခေါ်ယူ စာချုပ်ခဲ့ပါတယ်။
Ref; BBC