ဖမ်းဆီးခံ ALP/ALA အရာရှိ လွတ်မြောက်ရေး ညှိနှိုင်းမှု မအောင်မြင်

ဖမ်းဆီးခံ ALP/ALA အရာရှိ လွတ်မြောက်ရေး ညှိနှိုင်းမှု မအောင်မြင်

စစ်တွေ၊ ဇူလိုင် ၃၀ ။               ။ နိုင်ငံတော် အသရေဖျက်မှု၊ မဟုတ်မမှန် ပြောကြားမှုတို့ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ရခိုင်ပြည် လွတ် မြောက်ရေးပါတီ ALP/ALA ၏ ပြန်ကြားရေးဌာန ဒုတိယ တာဝန်ခံ ဗိုလ်မှူးခိုင်မျိုးထွန်း လွတ်မြောက်နိုင်ရေး ညှိနှိုင်းမှု အောင်မြင်မှုမရခဲ့ကြောင်း ALP ကိုယ်စားလှယအဖွဲ့က ပြောသည်။

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်သောအဖွဲ့နှင့် ALP အထူး ကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင် ၂၉ ရက်နေ့က တွေ့ဆုံ ညှိနှိုင်းမှုပြုလုပ်ခဲ့ကြ ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတစ်ခုအပေါ်မှာ အခုလိုမျိုး ပုဒ်မတွေ တပ်လိုက်တာဟာ ငြိမ်း ချမ်းရေးကို မလိုလားလို့လား။ ဒါမှမဟုတ် ယုံကြည်မှုတွေ လျော့နည်းလာလို့လား ဆိုတဲ့အပေါ်မှာ မူ တည်ပြီး တော့ ဆွေ့ဆုံတာဖြစ်ပါတယ်။

နယ်/လုံဝန်ကြီးကတော့ ဗိုလ်မှူး ခိုင်မျိုးထွန်းကို အရေးယူထားတဲ့ အပေါ်မှာ တ ရားရေးနည်းလမ်းအတိုင်း သွားနိုင်အောင် သူ့အနေနဲ့ အကောင်းဆုံးကြိုးစားပေးမယ်။ တတ်နိုင်သ လောက် လိုက် ပါပြီးတော့ လုပ်ဆောင်ပေးမယ်။ သို့သော် ALP က ထုတ်ထားတဲ့ ကြေညာချက်ကို ပြန်လည်ပြီးတော့ ပြင်ဆင်ပေးဖို့ သူတို့က တောင်းဆိုထားပါတယ်။  ကြေညာချက်ပါတစ်ချို့ အကြောင်းအရာတွေကို မပြင်ဆင်ဘူး ဆိုရင် တာဝန်မခံနိုင်ဘူးလည်း ပြောပါတယ်"  ဟု ALP ၏ အထူးကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် ဗိုလ်ကြီး ခိုင်နေလင်းကပြောသည်။

ဗိုလ်မှူးခိုင်မျိုးထွန်းကို သြဂုတ်လ (၅) ရက်နေ့တွင် ရုံးတင်စစ်ဆေးမည် ဖြစ်ပြီး ယခု တွေ့ဆုံညှိနှိုင်းမှု ရလဒ်မှာ အောင်မြင်မှု မရှိခဲ့သဖြင့် ၎င်း လွတ်မြောက်နိုင်ရေးအတွက် ကြေညာချက် ပြင်ဆင်နိုင်ရေး၊ မပြင်ဆင်ရေးကို ပါတီ၏ ဗဟိုဆုံးဖြတ်ပိုင်ခွင့်ရှိသူများမှသာ အတည်ပြု ပြောကြားနိုင်မည် ဖြစ်ကြောင်း ဗိုလ်ကြီး ခိုင်နေလင်းက ပြောသည်။

ဧပြီလအတွင်း ဖြစ်ပွားခဲ့သော ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများတွင် "မြန်မာ့တပ်မတော်သည် စစ်အတွင်း စစ်သုံ့ပန်းများကို သတ်ဖြတ်ခြင်း၊ ပြည်သူများကို အဓမ္မလမ်းပြစေခိုင်းခြင်း၊ ညှင်းပန်းနှိမ်းစက်ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် စစ်ရာဇဝတ်မှုမြောက်ကြောင်း" ရခိုင်ပြည်လွတ်မြောက်ရေး ပါတီက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ALP ၏ ပြန်ကြားရေး ဒုတိယတာဝန်ခံ ဗိုလ်မှူး ခိုင်မျိုးထွန်းအား နိုင်ငံတော်ကို အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ)၊ ၅၀၅ (ဂ) တို့နှင့် တရားစွဲဆို ဖမ်းဆီ းထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags