ဇူလိုင် ၂၈၊ အမေရိကန်။ ။ အမေရိကန်ခြေစမ်းခရီးစဉ်အတွင်း ပြင်သစ်နောက်ခံလူဆာခိုကို အိမ်သို့စောစီးစွာပြန်လွှတ်ခဲ့ခြင်းမှာ စည်းကမ်းဖောက်၍ဖြစ်သည် ဟု လီဗာပူးလ်နည်းပြကလော့ပ်က ပြောသည်။
မကြာသေးခင်ကမှ တားမြစ်ဆေးပြဿနာပြေလည်သွားခဲ့သော ဆာခိုသည် အသင်း၏စည်းကမ်းကို သုံးကြိမ်ဖောက်ဖျက်ခဲ့ သဖြင့် အသင်းတွင်ဆက်ရှိရန် အခြေအတင်ဆွေးနွေးရတော့မည့်အရေးနှင့် ရင်ဆိုင်နေရသည်။
“ခရီးသွားဖို့ လေယာဉ်မမီလုနီးပါးဖြစ်ခဲ့တယ်။ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုကို လွဲခဲ့တယ်။ အသင်းရဲ့စားသောက်ခန်းကို နောက်ကျပြီးမှရောက်လာခဲ့တယ်။
ကျွန်တော်အဖွဲ့သစ်တစ်ခုကို ဒီမှာတည်ဆောက်နေပါတယ်။ သူ့ရဲ့ဒီလုပ်ရပ်တွေကြောင့်ပဲ အိမ်ပြန်လွှတ်ခံရတာပါ။ အသင်းမှာ စည်းကမ်းတွေရှိပြီး လေးစားဖို့လိုပါတယ်။
လေးစားမှုမရှိဘူးလို့ ကျွန်တော်ခံစားရတဲ့ သူတွေကို တုန့်ပြန်ရပါလိမ့်မယ်။ ရှစ်ရက်၊ ဆယ်ရက်လောက်အပြီးမှာတော့ ကျွန်တော်တို့ဒီအကြောင်းပြောနိုင်ပါပြီ”ဟု ကလော့ပ်က ပြောသည်။
Ref; goal.com