နယူးယော့ခ် ၊ ဇူလိုင် ၂၆ ။ ။ ပေါ့ပ်အဆိုတော် အဒဲလ်သည် သြဂုတ်လတွင် လော့စ်အိန်ဂျလိစ်မြို့ Staple Center ၌ ကျင်းပပြုလုပ်မည့် ဖျော်ဖြေပွဲတွင် ဖျော်ဖြေပွဲနှစ်ပွဲကို ထပ်မံထည့်သွင်းခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ထပ်မံထည့်သွင်းခဲ့သည့် ဖျော်ဖြေပွဲရက်များမှာ သြဂုတ် ၂၀ နှင့် ၂၁ရက်တို့ဖြစ်သည်။
အဒဲလ်သည် ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့သော “ 25” တေးအယ်လ်ဘမ်အတွက် ကမ္ဘာလှည့်ဖျော်ဖြေပွဲကို လုပ်ဆောင်လျက်ရှိသည်။အဒဲလ်သည် ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဇွန်လကုန်က အင်္ဂလန်နိုင်ငံ ဂလက်စ်ဆန်ဘရီမြို့တွင် တရားဝင် စတင်ခဲ့ကြောင်း နှင့် အဒဲလ်သည် ယင်းဖျော်ဖြေပွဲတွင် ခန့်မှန်းခြေအားဖြင့် ပရိတ်သတ် ၁၇၅ ၀၀၀ ကို ဖျော်ဖြေခဲ့သည်။
အဒဲလ်သည် လော့စ်အိန်ဂျလိစ်မြို့ Staples Centerတွင် ယခင်က ဖျော်ဖြေပွဲ ခြောက်ပွဲကျင်းပရန်စီစဉ်ထားသော်လည်း ယခုအခါ ဖျော်ဖြေပွဲနှစ်ပွဲ ထပ်မံထည့်သွင်းခဲ့သည့်အတွက် Staples တွင် ဖျော်ဖြေပွဲ ရှစ်ပွဲ ဖျော်ဖြေသွားမည်ဖြစ်သည်။
Staples ဖျော်ဖြေပွဲတွင် ထပ်မံထည့်သွင်းခဲ့သည့် ဖျော်ဖြေပွဲနှစ်ပွဲအတွက် လက်မှတ်များကို ဇူလိုင် ၂၉ရက် ပစိဖိတ်စံတော်ချိန် နံနက် ၁၀နာရီတွင် အဒဲလ်၏ ဝက်ဆိုက်ဒ်မှတစ်ဆင့် ရောင်းချပေးသွားမည်ဖြစ်သည်။
အဒဲလ်၏ “ 25” တေးအယ်လ်ဘမ်သည် ယခုသီတင်းပတ်က ဘေလ်ဘုတ် ၂၀၀ တေးအယ်လ်ဘမ်ဇယားတွင် အဆင့်နှစ်ဆင့်အထိ မြှင့်တတ်ခဲ့ပြီး နံပါတ် ၇ နေရာတွင် ရပ်တည်နေသည်။